အပိုင်း[၃၀]

2.9K 224 9
                                    

"ချာတိတ်"

"ဟင့်"

တိုက်ဆိုင်စွာနဲ့ မိမိရှေ့မှာပေါ်လာသူက ဒေါက်တာဖြစ်နေသည်။

"မငိုပါနဲ့ ချာတိတ်ရယ် ကိုကိုရှိတယ်နော်"

မိမိကိုမုန်းပါတယ်ဆိုတဲ့သူကြောင့် မိမိကိုချစ်ပါတယ်ဆိုတဲ့လူတစ်ယောက်ရင်ခွင်ထဲမှာ
အရှက်မဲ့စွာတသိမ့်သိမ့်ရှိုက်ငိုနေမိတဲ့အဖြစ်ပါ။

"ဒေါက်တာ... မမကလမင်းကိုထားခဲ့ပြီ"

"ကိုကိုရှိနေပါသေးတယ်"

ကိုကိုက ဖြစ်ခဲ့တဲ့ကိစ္စတွေကိုသိနေနှင့်ပြီးသားလူတစ်ယောက်ပမာ ဘာမှမမေးမြန်းပါ။
မမနဲ့ပြဿနာဖြစ်ကတည်းက အနီးအနားမှာရှိနေခဲ့တာထင်သည်။

"မမက လမင်းကိုတမင်လက်စားချေခဲ့တာတဲ့။ဟင့်"

"မငိုပါနဲ့ ချာတိတ်ရယ်..ကိုကိုရှိတယ်နော်"

‌ကိုကိုက မိမိအား ကလေးတစ်ယောက်ပမာချော့မြူနေဟန်ပြောဆိုနေ၏။

"ဒေါက်တာ့အပေါ်မှာ လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက်ဝဋ်လည်နေပြီထင်ပါတယ်...
ဒေါက်တာ့အပေါ်မှာလမင်းအများကြီး မကောင်းခဲ့တာပါ"

ကိုကိုက သူ့အင်္ကျီအိတ်ထောင်ထဲမှ ပဝါပါးလေးဖြင့် မိမိပါးပြင်ပေါ်ကမျက်ရည်များအား
သုတ်ပေးပြန်သည်။
ကိုကိုက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဘက်မှာအမြဲတမ်းရှိနေပေးတဲ့ တစ်ဦးတည်းသောသူပါ။
ဘယ်သူမှမရှိတော့ရင်တောင် ကိုကိုကတော့အမြဲတမ်းရှိနေပေးမှာသေချာသည်။

"မဆိုင်ပါဘူး ချာတိတ်ရယ်။ကိုကိုကချာတိတ်ကိုခွင့်လွှတ်ပြီးသားမို့ ကိုယ့်အမှားလို့တွေးနေတာတွေရပ်လိုက်တော့နော်"

"လမင်းအပေါ်မှာ အဲ့ဒီလောက်ထိသဘောထားမကြီးပေးနဲ့ ဒေါက်တာ...ဒေါက်တာဘက်ကအခုလိုခွင့်လွှတ်လေ ကိုယ့်အမှားအတွက်နောင်တရလေမို့ပါ"

"အင်းပါ။ကိုကို မပြောတော့ဘူးနော်..အခု ချာတိတ်ဘယ်သွားချင်လဲ..စိတ်ပြေလက်ပျောက် တစ်နေရာရာသွားမလား။ ကိုကိုလိုက်ပို့မယ်"

"အိမ်ပဲပြန်ချင်တယ် ..အိမ်ပဲပြန်ပို့နော်"

ဘယ်မှာနေနေစိတ်ပြေရမှာမဟုတ်တာ ကိုယ်သိသည်။
အိမ်ကိုပြန်ပြီး ကိုယ့်အခန်းထဲကိုယ်ပြန်ငိုနေလိုက်တာကမှ အနည်းဆုံးတော့ကိုယ့်ရဲ့ခေါင်းအုံးလေးက နှစ်သိမ့်ပေးနိုင်ဦးမယ်မဟုတ်လား။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now