အပိုင်း[၅]

3.5K 193 5
                                    

Unicode

မိမိတို့သူငယ်ချင်းအဖွဲ့ထဲတွင်‌နောက်ထပ်ယောက်ျားလေးနှစ်ယောက်ပါတိုးလာခဲ့သည်။ခန့်သစ်နေနဲ့ ထက်ရှိန်းကို။

‌အတန်းချိန်ပြီးပြီးချင်းအားလုံးလည်းဗိုက်အတော်ဆာနေကြပြီဖြစ်သဖြင့် နီးစပ်ရာဆိုင်သေးသေးလေးမှာပဲမိမိတို့သူငယ်ချင်းတွေ ထိုင်လိုက်ကြသည်။

စားစရာများကိုတစ်ယောက်တစ်မျိုးစီမှာလိုက်ကြရင်း ဟိုစပ်စပ်ဒီစပ်စပ် စကားဖောင်ဖွဲ့‌နေမိသည်။

"လမင်း..နင်Queenဝင်ပြိုင်ပါလား..နင်ရနိုင်လောက်တယ်"

ခန့်သစ်၏အပြောကြောင့် သူ့ကိုကြည့်မိတော့စနောက်နေသည့်ပုံဟုတ်မနေပါ။

"မရပါဘူးဟာ...ငါအရပ်က၅ပေသာသာ‌ေလးပဲရှိတာ အရပ်နဲ့တင်ရှုံးနေပါပြီ..ပြီးတော့Queenလည်းမဖြစ်ချင်ပါဘူး...ငါစင်ပေါ်မတက်ရဲဘူး"
ကိုယ်ကသတ္တိကြောင်သည့်လူမျိုးဖြစ်သည်။ပြောရမယ်ဆိုရင်တော့ လူကြောက်တတ်သည်။ရွာမှာဆိုလည်း အလှူပွဲ မင်္ဂလာဆောင်ပွဲတို့ဆို မသွားဖြစ်တာများပါသည်။တခါတရံမျိုး‌ေတာ့မေမေနှင့်သာသွားဖြစ်သည်။ ဒါကြောင့်ခန့်သစ်ပြောသလိုQueenလည်းမလုပ်ရဲပါ။‌ေပြာလို့သာရယ်Queenဖြစ်လောက်အောင်လည်းကိုယ့်ရုပ်ကမလှပါ။ကြည့်ပျော်ရှုပျော်ရုပ်မျိုးဟုသာထင်ပါသည်။

"ဟုတ်ပါ့လမင်း..နင်ပြိုင်ပါ့လား..အတန်းထဲနင့်လောက်လှတဲ့သူမရှိဘူး"

သက်ထားကပါအလိုတူအလိုပါဝင်ပြောသည်။ကျန်သူငယ်ချင်းများကလည်းသက်ထား၏အပြောအားထောက်ခံသလိုခေါင်းညိတ်ကြသည်။

မှာထားတဲ့အစားအသောက်တွေလာချပြီမို့ အားလုံးအစားဆီအာရုံပြောင်းသွားကြသည်။ကိုယ်တော့ထိပ်ဆုံးကဖြစ်သည်။

မာလာရှမ်းကောကိုအစပ်မှာလိုက်မိသည်။ဗိုက်မကောင်းတာကိုရုတ်တရပ်မေ့သွားမိသည်။သတိမူမိပြန်တော့ လုံးဝစားချင်စရာကောင်းနေတဲ့ပုံစံကြောင့် ရောဂါကိုတမင်မေ့ထားလိုက်ရသည်။
စားကောင်းကောင်းနဲ့စားနေမိတာ တစ်ဝက်‌ေလာက်ပင်ကုန်သွားသည်။

"ကလေးမ.."
မကြည့်မိပါ။ကိုယ့်ကိုခေါ်သည်ဟုမထင်‌ေသာ‌ေကြာင့်ဖြစ်သည်။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now