အိပ်ယာက ထတော့ မမက ဘေးနားတွင်မရှိတော့ပါ။
ဘယ်အချိန်ကတည်းက ထနေသလဲဆိုတာလည်းမသိပြန်ပါ။
ဘာပဲဖြစ်ဖြစ် ဘေးနားတွင်မမ မရှိတာက
တော်သေးသည်ဟုဆိုရမည်။မဟုတ်လျှင် ညကကိစ္စကိုမျက်နှာပူနေရမည်။"မမ"
"အင်း"
"ပြန်တော့မလို့"
"တို့နဲ့တူတူမနက်စာ စားသွားပါလား"
"မစားတော့ဘူးမမ...ပြန်တော့မယ်..အိမ်မှာ မေမေတို့ရောက်နေလောက်ပြီ"
"အင်း။သဘောပဲလေ"
မမမျက်နှာမှာ ဘာအရိပ်ယောင်
မှမတွေ့ရပါ။မိမိကသာ ညက ကိစ္စကိုမျက်နှာပူနေသလောက် မမကတော့ပုံမှန်အတိုင်းသာဖြစ်နေ၏။"ဖေဖေတို့ပြန်ရောက်ပြီပဲ"
"အင်း သမီး ညကအိပ်ရတာအဆင်ပြေရဲ့လား"
"ပြေပါတယ်"
"အင်းအင်း "
"မေမေရော"
"သမီးအမေအပေါ်မှာရှိပါတယ်..."
"ဟုတ် ဖေဖေတို့အလုပ်ကပြဿနာရောအဆင်ပြေခဲ့ရဲ့လား"
"ပြေပါတယ်သမီးရဲ့"
"ဟုတ်ကဲ့ပါ..ဒါနဲ့ မောင်လေးကအပေါ်မှာလား"
"ဟုတ်တယ်သမီးရဲ့ ညကနေရာအစိမ်းမို့အိပ်လို့မရလို့တဲ့ အခုမှပြန်အိပ်နေတာ"
"ဪ..အင်းပါ ..သမီးလည်းရေချိုးတော့မယ်ဖေဖေ"
***
ဒေါင်တာဆီသွားဖို့အရေးကို အမျိုးမျိုးစဉ်းစားကြံဆနေရသည်။တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဒါက်တာနဲ့ပတ်သက်နေမှရမည်။
"နင်တို့ပြန်နှင့်တော့ ငါဆေးခန်းပြစရာရှိလို့ နေခဲ့ဦးမယ်"
သူငယ်ချင်းမနှစ်ယောက်ကိုေတာ့ဆေးခန်းထိခေါ်လို့မဖြစ်ပါ။
"ငါတို့ရောလိုက်ခဲ့ပေးမယ်လေ"
"ရတယ်..ငါ့ဘာသာပဲသွားတော့မယ်..အခြားဝင်စရာလေးလည်းရှိနေလို့"
သူတို့ကိုခေါ်သွားလို့မဖြစ်ပါ။ဒေါက်တာကိုပိုးနေမှန်းသူတို့မသိ။သိရင်တော့တားကြသေချာသည်။
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romanceဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။