အပိုင်း[၈]

3.2K 207 15
                                    

ကျောင်းဆင်းလို့သာအိမ်ကိုသာပြန်လာခဲ့သော်လည်းတစ်လမ်းလုံး စိတ်ကမဖြောင့်ပါ။မမကစိတ်ဆိုးသွားပြီလားဟူသောအသိသာ စိတ်ထဲ၌ကြီးစိုးနေသည်။မမနှင့်တွေခဲ့ရင်ရော ဘယ်လိုရင်ဆိုင်ရပါ့မလဲဟု ထပ်တလဲလဲတွေးနေမိသည်။ သေချာတာကတော့ မမစိတ်‌ဆိုးလျှင်ချော့ပါမည်။

မမမှာခဲ့သည့်အတိုင်းညနေရောက်၍မမအိမ်သို့သွားရတော့မည်။ မမကိုကြောက်မိသော်လည်း မမနှင့်တွေ့ရမည်ဆိုသောအသိကြောင့် စိတ်လှုပ်ရှားသလိုလို ရင်ခုန်သလိုလိုဖြစ်နေမိသည်။ မမ မျက်နှာကိုမြင်တိုင်းစိတ်လှုပ်ရှားရသည်မှာအကြိမ်ကြိမ်သာ။ဒါကိုလည်းကိုယ်တိုင်သတိထားမိသည်။

မမတို့အိမ်ရှေ့ရောက်တော့ လှမ်းခေါ်စရာလူကြည့်သော်လည်း မတွေ့သဖြင့်ဘဲတီးလိုက်သည်။ တိုက်ဆိုင်စွာပဲ မမကအိမ်ထဲမှာထွက်လာသည်။အဝေးကမြင်နေရတာတောင် မမ၏အလှဟာ လုံးဝရင်အေးရသည်။မြန်မာဆန်ဆန်နှင့်လှနေသောမမ။လမ်းလျှောက်လာပုံကအစကြည့်ကောင်းနေသည်။

မမက မိမိ၏ရှေ့တည့်တည့်တွင်ရပ်ကာ တံခါးဖွင့်နေသည်။အခုထိကိုယ့်ကိုတစ်ချက်မကြည့်သလို စကားလည်းတစ်ခွန်းမှမပြောသေးပါ။အနေရခက်လာပါသည်။တကယ်ဆိုကိုယ်ကသူခေါ်လို့လာရတာပဲမလား။

"မမ"
ခေါ်လိုက်တော့ ကိုယ့်ကိုစောင်းငဲ့ကာ ရီဝေဝေကြည့်လာပါသည်။ ဘယ်လိုတောင်ညှို့ချက်ပြင်းလိုက်တဲ့အကြည့်မျိုးလဲ။ရင်ထဲ တလှပ်လှပ်ဖြစ်လာရသည်။

"လမင်းကို မနက်ကစိတ်ဆိုးသွားလားဟင်"

မေးလိုက်တော့ မမကမျက်မှောက်ကြုတ်ကာကြည့်လာသည်။ခဏကြာမှ မမဆီကတုံ့ပြန်စကားကြားရသည်။

"ပြီးမှဆက်ပြောတာပေါ့"
မမကထိုသို့ပြောပြီး အ‌ရှေ့ကဒန်းကလေးဆီသို့ဦးတည်လိုက်သည်။‌‌ကျွန်မအရှေ့ကသွားနေသော ခန္ဓာကိုယ်ပိန်ပိန်ပါးပါးအမျိုးသမီးဟာ နောက်ကကြည့်မိတာတောင်သိပ်ကိုလှလွန်းသည်။ရှည်လျားနက်မှောင်နေသောဆံနွယ်များတွင်ရှန်ပူနံ့သင်းသင်းလေးရ‌
နေသည်။သေချာပေါက်ခေါင်းလျှော်ထားခြင်းဖြစ်လိမ့်မည်။ပြီးတော့ဆံနွယ်ကျော့ကျော့တွင်ပန်ဆင်ထားသောနှင်းဆီဝါလေးတစ်ပွင့်။ထိုနှင်းဆီဝါလေးများက မမ၏ မူပိုင်ပန်းကလေးဖြစ်လို့နေသည်။ မိမိသည်လည်း အကြောင်းမရှိပါဘဲ နှင်းဆီဝါများကိုချစ်တတ်နေမိပြီ။နှင်းဆီဝါလေးတွေမမ၏ကေသာ၌နေရာယူချိန်ကစလို့ပေါ့။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now