"နောက်ကျနေပြီလား မသိဘူး"
အစောကြီးတော့ ပြင်ဆင်ထားခဲ့တာပါပဲ။ ဘယ်လိုဖြစ်ပြီး ကြာသွားမှန်းမသိပါ။
"မေမေ...ခဏနေလမင်းအပြင်ထွက်စရာရှိသေးတယ်"
ထိုစကားကြားတော့ မေမေကခေါင်းအစခြေအဆုံးကြည့်၏။စိတ်ထဲနည်းနည်းတော့ရှိန်သွားမိသည်။ပြင်ဆင်ထားတာကလည်း သာမန်ထက်ကိုပိုနေခဲ့မိသေးသည်။
"သမီး ညည်းရည်းစားတွေဘာတွေရနေတာတော့မဟုတ်ဘူးမလား"
"ဟာ...မဟုတ်ပါဘူးမေမေကလည်း..ဘာတွေပြောမှန်းမသိဘူး"
မေမေ့စကားကိုအလျင်အမြန်ပဲဖြေရှင်းချက်ပေးလိုက်မိသည်။
"အေး..မဟုတ်လည်းပြီးတာပါပဲ...တော်ကြာ ဘယ်ကမှန်းဘာမှန်းမသိတဲ့ကောင်လေးတွေနဲ့ရည်းစားဖြစ်နေမှာစိုးလို့ပါ"
"မဖြစ်ပါဘူး...ဒါပဲနော်မေမေ..လမင်းအပြင်ထွက်စောင့်လိုက်ဦးမယ်"
"ဘယ် အပြင်ထွက်စောင့်မှာတုန်း"
"မိုးရွာတဲ့နေ့ကလိုက်ပို့တဲ့အစ်မလေ..သူလာခေါ်မှာမို့"
"သိပ်တော့မကြာစေနဲ့နော်..မေမေတို့စိတ်မပူချင်ဘူး"
"ဟုတ်ကဲ့ပါ မေမေရဲ့"
မေမေဆီကခွင့်ပြုချက်ရသည်နှင့် အိမ်အပြင်ကလေးမှာထွက်စောင့်နေလိုက်၏။
ဖုန်းဆက်တုန်းကနောက်နာရီဝက်လောက်ဆိုရောက်မယ်လို့ပြောထားပေမဲ့ အခုထိရောက်မလာသေးပါ။မမမျက်နှာလေးကိုမြင်ချင်လှပြီ။ထိုအစ်မပြောထားသလို မမြင်ချင်ယောင်ဆောင်နေပြီးတော့ရော နေနိုင်ပါ့မလား။
မမ မသိအောင်တော့ခိုးကြည့်မိမယ်ထင်ပါရဲ့။ရှေ့မှာကားလေးတစ်စီးလာနေသည်။အဲ့ဒီနေ့ညက ကိုယ့်အပူနဲ့ကိုယ်မို့ ကိုယ်စီးလာတဲ့ကားရဲ့ပုံစံကိုသေချာမမှတ်မိလိုက်ပါ။ထင်တာမလွဲဘူးဆို ဟိုအစ်မရဲ့ကားဖြစ်နိုင်သည်။
"ညီမလေး.."
"အစ်မ"
ထင်ထားသလို ထိုအစ်မကားဖြစ်နေ၏။ သူ့ကို'အစ်မ'ဟုနှုတ်ဆက်လိုက်ပေမဲ့ မိမိမျက်လုံးတွေကမမဆီမှာသာ။
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romanceဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။