အပိုင်း[၃၂](ဇာတ်သိမ်းပိုင်း)

3K 180 16
                                    

"အန်တီ့ကို ကျွန်တော်သတိပေးထားရက်နဲ့ဗျာ...အခုတော့ ချာတိတ်ကဆေးရုံတက်နေရပြီ"

"အဲ့ဒီလောက်အထိ ဆိုးမယ်မှန်းမသိလို့ပါ သားရယ်"

အရင်ဖြစ်လက်စအစာအိမ်ရောဂါက အခုကာလမှာပို၍ဆိုးဝါးလာခဲ့သည်။အစားအသောက်အမှန်တာကတစ်ကြောင်း၊
ဆေးလိပ်တွေဘီယာတွေသောက်တာကတစ်ကြောင်းမို့ ဆေးရုံတက်ရသည်အထိဖြစ်လာ‌ခဲ့သည်။ခွဲစိတ်ရတဲ့အဆင့်အထိမရောက်တာကိုပင် ကျေးဇူးတင်ရမလိုပင်။
ကြားထဲမှာ စိတ်ဖိစီးတဲ့ဒဏ်လည်းခံရသေးသည်မို့ ခန္ဓာကိုယ်ရော စိတ်ရောအတော်လေးပင်ပန်းခဲ့ရ၏။

"ကျွန်တော် သွေးကိုတော့ပြောပြထားတယ်..တကယ်လို့သူရောက်လာခဲ့ရင် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါအန်တီ"

"အင်းပါ သားရယ်...အဲ့ဒီမိန်းကလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ....သမီးလေးအတွက်အဲ့ဒီကောင်မလေးက ဘယ်လောက်အထိအရေးကြီးမှန်းလည်း သိပါပြီ"

ဒီတစ်ခါတော့ ချာတိတ်လေးအတွက်စိတ်ချမ်းသာရတော့မယ်ထင်ပါရဲ့လေ။ကိုယ်တိုင်က အချစ်ရေးမှာပျော်ခွင့်မရတော့ပေမဲ့ ချာတိတ်လေးပျော်ရတော့မယ်ဆိုတဲ့အသိတဲ့ ကျေနပ်မိပါ၏။

"ဟုတ်ကဲ့ အန်တီ....ချာတိတ်ကိုလည်းဂရုစိုက်လိုက်ဦးနော်..ကျွန်တော်ခဏနေရင်ပြန်လာကြည့်ဦးမယ်..အခုတော့ အိမ်ခဏပြန်ခွင့်ပြုပါဦးဗျ"

"အေးအေးသား....အဒေါ်လည်းသမီးဆီသွားရဦးမှာကွယ်..သမီးအဖေတော့ သမီးနားရှိတယ်ထင်ပါရဲ့"

"ဟုတ်ကဲ့ဗျ..ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါဦးနော်"

"အေးအေး သား"

လမင်းငယ်၏ မိခင်သည် အခုတော့အကြီးအကျယ်ပင်နောင်တရနေရှာ၏။
နောက်တစ်ကြိမ်သာ သူ့ဘက်ကထိုအမှားမျိုးလုပ်ခဲ့ပါလျှင် သူ့သမီးလေးအတွက်များစွာအန္တရယ်ရှိကြောင်းအသိဝင်လာခဲ့သည်။
သူ့အနေနဲ့လည်း နောင်တစ်ကြိမ်ထိုသို့အမှားမျိုးပြုလုပ်တော့မည်မဟုတ်ပေ။

"သမီး နေသာထိုင်သာရှိရဲ့လား"

"ဟုတ် မေမေ...ဘာမှမဖြစ်တော့ပါဘူး"

You've reached the end of published parts.

⏰ Last updated: Aug 27 ⏰

Add this story to your Library to get notified about new parts!

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now