ရင်တထိတ်ထိတ်နဲ့လှမ်းလာသောခြေလှမ်းများက မမတို့၏အိမ်ထဲသို့ရောက်လာခဲ့၏။ရင်ဆိုင်ဖို့ကိုတော့ အတော်လေးပြင်ဆင်လာခဲ့ရသည်။"အန်တီ မမ အိမ်ထဲမှာရှိလားဟင်"
"ရှိတယ်သမီး"
"ဟုတ်ကဲ့ မမကသူ့အခန်းထဲမှာလားဟင်"
"ဟုတ်တယ်သမီး"
"ဒါဆို မမဆီသွားလိုက်ဦးမယ်နော်"
မမနဲ့ကိုယ်နဲ့ကြားထဲကပြဿနာတွေသာမမအမေသိရင်တော့အခုလိုမျိုးတွေ့ခွင့်ပေးလိမ့်မည်မဟုတ်ပါ။ဘာမှမသိသေးလို့သာအခုလိုအေးအေးဆေးဆေးပြန်ပြောနေခဲ့တာဖြစ်မည်။
မမရဲ့အခန်းတံခါးကိုခေါက်လိုက်သည်။အသံတော့မပေးခဲ့ပါ။မိမိမှန်းသိရင်မမကဖွင့်ပေးလိမ့်မယ်မဟုတ်ပါ။
"မေမေလား ဝင်ခဲ့လေ သမီးတံခါးပိတ်မထားဘူး"
"ဟင်..မင်း"
မမကသူ့အမေအထင်နဲ့ဝင်ခဲ့ဖို့ပြောပေမဲ့ ဝင်လာတဲ့သူဟာကိုယ်ဖြစ်နေတော့ ချက်ချင်းဒေါသထွက်သွားပုံရ၏။
"မမ"
"ဘာလာလုပ်တာလဲ"
"မမကိုတွေ့ချင်လို့ပါ"
"မင်းအရှက်မရှိဘူးလား...မင်းကိုငါနဲ့မပတ်သက်ဖို့ပြောထားတယ်လေ"
"ဒါတော့မရဘူး.. လမင်းမမနဲ့မပတ်သက်ဘဲမနေနိုင်ဘူး"
"မင်းလိုချင်နေတဲ့ငါ့ရည်းစားကိုမင်းရသွားပြီလေ..နောက်ထပ်ဘာထပ်လိုချင်သေးလို့လဲ"
လိုချင်တာမမကိုပါလို့အော်ပြောလိုက်ချင်မိသည်။
"မမရယ် လမင်းကိုမမုန်းလိုက်ပါနဲ့နော်..လမင်းလေ မမမုန်းမှာကိုအကြောက်ဆုံးပဲ"
"ထွက်သွားစမ်း ငွေလမင်းငယ်...နောက်ကိုတို့အိမ်ကိုမလာစမ်းနဲ့...တို့နဲ့လည်းလာမပတ်သက်နဲ့..တို့အကြောင်းသိပါတယ်...နှစ်ခါမပြောချင်ဘူးနော်"
အခုအချိန်မှာမမကိုချစ်တဲ့အကြောင်းဝန်ခံလိုက်ရင်အခြေအနေတွေပိုဆိုးနိုင်သည်။မမကလည်းကိုယ့်ကိုပိုမုန်းသွားနိုင်သည်။ဒါကြောင့်မို့ မမကိုချစ်နေလို့ဆိုတဲ့အကြောင်းကိုမပြောရဲသေးပါ။
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romansaဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။