အပိုင်း[၁၂]

2.4K 123 6
                                    

ချစ်မိပြီဆိုတာသေချာသွားတဲ့နေ့ကစလို့ အတွေးထဲ၌သူ့ကိုပိုင်ဆိုင်လိုစိတ်သာကြီးစိုး‌ေန၏။အဲ့ဒီအတွက်လည်း ဒေါက်တာဆီသွားချင်မိ၍ အကြောင်းမရှိအကြောင်းရှာနေမိသည်။အလည်ဆိုပြီးသက်သက်သွားရအောင်ကလည်း အရမ်းကြီးရင်းနှီးနေတာမဟုတ်၍ မသွားချင်ပါ။ဒါပေမဲ့လည်းသွားရမှကိုဖြစ်မည်။
အကြံတစ်ခုကိုချက်ချင်းပဲရလိုက်သည်။
ဖုန်းနံပတ်တစ်ခုကိုချက်ချင်းပဲခေါ်ဆိုလိုက်၏။

"ဟဲလို"

"ဟုတ်ကဲ့ ခင်မျာ"

ဖုန်းခေါ်လိုက်တော့တစ်ဖက်က ဒေါက်တာ့ရဲ့အသံချိုချိုလေးထွက်လာ၏။တစ်ဖက်ကအသံ‌ေလး‌ေကြာင့်ကိုယ့်ရဲ့ခုန်နေတဲ့နှလုံးခုန်သံကိုပင်ပြန်ကြားနေရသည်။ထပ်ပြီးအရဲစွန့်ကာ မပြောရဲပြောရဲဖြင့်အသံပေးလိုက်သည်။

"ဒေါက်တာ ကျွန်မပါ"

"ဟို စိတ်တော့မရှိပါနဲ့ဗျ...နာမည်လေးတစ်ချက်ပြောပြပေးပါဗျ"

စိတ်ညစ်သွားပါသည်။ဒေါက်တာဟာမိမိအသံကိုမမှတ်မိဘူးဘဲ ။ဒါဆိုဒေါက်တာ့အချစ်ကိုရဖို့ အများကြီးကြိုးစားရဦးမည့်သဘောပဲ။

"ငွေလမင်းငယ်ပါ ‌ဒေါက်တာ"

"ဪ ချာတိတ်ကို..Sorryနော် အစ်ကိုချာတိတ်အသံကိုမမှတ်မိဘူးဖြစ်သွားတယ်"

"ဒေါက်တာကသာလမင်းအသံကိုမမှတ်မိတာပါ လမင်းကတော့ဒေါက်တာ့အသံကိုမှတ်မိတယ်"

နည်းနည်းလေးခပ်ချွဲချွဲလေးဆိုလိုက်သည်။မိန်းကလေးပဲဒီလောက်တော့တတ်ထားရမယ်မဟုတ်လား။

"အာ..sorryပါ ချာတိတ်ရယ် ..တကယ်တော့ချာတိတ်အသံကအပြင်မှာနဲ့တူမှမတူတာကို...နောက်ဆိုအစ်ကိုမှတ်ထားပါ့မယ်"

"ဟုတ်
ဟိုလေ..ဒေါက်တာ့အသံကဖုန်းထဲမှာပိုနားထောင်ကောင်းတယ်နော်..ပိုပြီးလည်းချိုတယ်"

"ဟဟ..ချာတိတ်ကတော့မြှောက်နေပါပြီ"

ဒေါက်တာကခပ်ဟဟလေးရယ်ပြန်ပါသည်။‌ဒေါက်တာကရယ်တာကအစနူးနူးညံ့ညံ့လေးပါ။ ယောက်ျားလေးလို့မထင်ရလောက်အောင်ကို ညင်သာပါသည်။

"လမင်းကတယ်ပြောတာပါနော်"

"ဟုတ်ပါပြီ...ဒါနဲ့ချာတိတ်က ဘာလို့အစ်ကို့ဆီဖုန်းဆက်တာလဲ"

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now