"ဒူ ....ဒူ..."
ရေချိုးခန်းမှထွက်လာလာချင်း မြည်နေသောဖုန်းကြောင့် နံပတ်ကိုကြည့်လိုက်တော့ ကိုကို့ဆီကဖြစ်နေသည်။ငါးကြိမ်တောင်ခေါ်ထားသည်။ရေချိုးနေတုန်းမို့မသိလိုက်ပါ။
"ဟဲလို "
"ချာတိတ် ကိုကိုပြောစရာရှိလို့"
"ဟုတ် ပြောလေကိုကို"
"ကိုကိုတို့မနက်ဖြန်ဒိတ်ရအောင်"
"ကိုကိုကလည်း ရည်းစားဖြစ်တာတစ်ပတ်ပဲရှိသေးတာကို"
"ချာတိတ်ကလည်း ကိုကိုတို့ကရင်းနှီးပြီးသားပဲကို"
ကိုကို့ကိုတွေ့ရမှာမျက်နှာပူနေသည်။ဖုန်းထဲမှာမို့သာ အီစီကလီပြောနေပေမဲ့တကယ်တမ်းကျတွေ့ရမှာမဝံ့မရဲဖြစ်၏။
"အွန်းပါ...တွေ့မယ်လေ..ဘယ်မှာတွေ့မှာလဲကိုကို"
"ချာတိတ်သဘောပါ ချာတိတ်ဘယ်မှာတွေ့ချင်လဲ"
"အွန်း...ကန်တော်ကြီးဆိုရင်ရောကိုကို"
"ချာတိတ်သဘောပါဗျာ"
"ကိုကိုကလည်း ချွဲလိုက်တာ"
"မချွဲပါဘူး ချာတိတ်ရဲ့"
"ချွဲပါတယ် ကိုကိုကလည်း"
"အခုေရာချာတိတ်ထမင်းစားပြီးပြီးလား"
"ပြီးပြီပေါ့ ကိုကိုရဲ့ အချိန်ပဲကြည့်တော့လေ"
"ကိုကို့ချာတိတ်လေး အစားပုံမှန်မစားမှာစိုးလို့မေးတာပါကိုကိုက"
"စားပါတယ်နော်...ဒါပဲနော်ကိုကို...လမင်းစာကျက်ရဦးမှာ"
"အင်းအင်း ဒါဆိုလည်းဒါပဲနော်....ချစ်တယ်နော်ချာတိတ်"
"အွန်း"
ကိုကိုဖုန်းချပြီးသည်နှင့်မမဆီကိုဖုန်းဆက်လိုက်သည်။တကယ်တော့ မမကသူနဲ့ဘုရားသွားဖို့ပြောထားသည်။ဒါကြောင့်လည်းအခုလိုရေမိုးချိုးပြီးဖြစ်ေနသည်။ဒါတောင်နည်းနည်းနောက်ကျပြီလို့ဆိုရမည်။
"ဟဲလို"
တစ်ဖက်ကတည်တည်ကြည်ကြည်အသံကလေးမမပါ။မမကရုပ်မမြင်ဖူးရင်တောင်အသံနှင့်ပင်သဘောကျဖို့လုံလောက်ပြန်သည်။အရာရာပြီးပြည့်စုံတဲ့မမကိုပစ်ထားပြီးမိမိကိုပြန်ကြိုက်တဲ့ကိုကို့အတွက်အကြီးမားဆုံးနစ်နာမှုလို့ဆိုရမလား။ဒါပေမဲ့လည်း ဒါတွေဟာ မိမိကိုယ်တိုင်လိုချင်လို့ကိုတမင်ဖန်တီးခဲ့တာမဟုတ်ပါလား။
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romanceဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။