ဒီနေ့ဟာ စနေနေ့။ကျောင်းလည်းပိတ်သဖြင့်ဟို့နေ့ကမမဝင်သွားခဲ့တဲ့ အိမ်ကိုသွားဖြစ်သည်။
ထိုအိမ်နားကနေ ရစ်သီရစ်သီလုပ်ကာ တစ်ယောက်ယောက်ထွက်အလာကိုမျှော်နေမိသည်။သိပ်တော့ မမျှော်လိုက်ရပါ။ ထိုအိမ်ထဲမှမိန်းကလေးတစ်ဦးထွက်လာ၏။ထွက်လာသူကအခြားသူတော့မဟုတ်။အဲ့ဒီနေ့ကမမရဲ့သူငယ်ချင်းဟုထင်ရသောသူဖြစ်သည်။
"အစ်မ"
"အစ်မ"
အသံကိုခပ်ကျယ်ကျယ်လုပ်ကာခေါ်လိုကိတော့ ထိုအစ်မက ကြားသွားပုံရ၏။မိမိရှိရာသို့ လှမ်းလာသည်။
"ဘာကိစ္စရှိလို့လဲ ညီမလေး"
"မမနဲ့တွေ့ချင်လို့ပါ"
မမလို့ဆိုလိုက်တော့ သူနားမလည်ဖြစ်သွားပုံရသည်။ မိမိကလည်းနာမည်မှ ထည့်မပြောမိတာကို။
"မမဆောင်းလေပြေသွေးပါ"
"ဪ...ဆောင်းကအိမ်ထဲမှာရှိတယ်"
"ညီမကို မမဆီခဏခေါ်သွားပေးပါလားရှင့်"
ထိုအစ်မက မိမိအားအနည်းငယ်စူးစမ်းဟန်ဖြင့်မေး၏။
" ညီမလေးက ဆောင်းရဲ့အသိလား"
"မမရဲ့တပည့်ပါ"
"ဪ..ဆောင်းရဲ့ တပည့်လား..ဒါဆိုလည်းလိုက်ခဲ့နော်"
"ဟုတ်ကဲ့ ကျေးဇူးပါ အစ်မ"
ထိုအစ်မနောက်ကိုလိုက်လာသည်။
မမကိုတွေ့ရတော့မှာမို့စိတ်လှုပ်ရှားနေမိသည်။ကိုယ့်ကိုမြင်ရင်တုံ့ပြန်မဲ့အမူအရာတွေကိုလည်း ကြိုတင်တွေးထားမိတော့ ကြောက်ရွံ့စိတ်လည်းရှိနေပြန်၏။"ညီမလေး နဲ့ဆောင်းက တော်တော်ရင်းနှီးတာလား..တစ်မျိုးမထင်နဲ့နော် ဆောင်းက အဖော်အပေါင်းသိပ်မထားတတ်လို့မေးကြည့်တာပါ"
"မမနဲ့ကအိမ်နီးချင်းပါ"
"ဪ"
သူဆက်မမေးတော့ပါ။အိမ်ထဲလည်းရောက်လာခဲ့ပြီ။
နှလုံးခုန်သံတွေပိုမိုမြန်လာခဲ့သည်။
သိပ်ကိုတွေ့ချင်နေတဲ့မမက အခုမျက်စိရှေ့တွင်ရှိနေပြီ။
ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေဟန်ရှိတဲ့မမကတော့ကိုယ့်ကိုမမြင်သေးပါ။
မိမိကိုမြင်သွားရင် သူ့အိမ်မှာတုန်းကလိုမောင်းထုတ်ဦးမှာလား။
YOU ARE READING
အချစ်များ၏နောက်ကွယ်(Completed)
Romanceဘဝမှာတစ်စုံတစ်ယောက်ကိုချစ်မိသွားရင် အဲ့ဒီတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားမိကြမယ်မဟုတ်လား။ကျွန်မလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်မ တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ဖို့ကြိုးစားနေတာ။