အပိုင်း[၄]

3.4K 196 7
                                    

"မဟုတ်မှ...မင်းတို့ကို ဟိုတစ်နေ့ကအတန်းထဲပေးမဝင်လို့စိတ်ခုနေတာလား"

မမကကိုယ့်မျက်နှာအားတည့်တည့်ကြည့်ရင်းပြောသည်။အခုထိ မမကိုပြန်မကြည့်မိသေးပါ။

"မဟုတ်ပါဘူးတီချယ်"

"မင်းကတို့ကိုရွဲ့နေသလိုပဲနော်"

"ရှင်"
မမဘာကိုဆိုလိုချင်မှန်းသဘောမပေါက်ပါ။အခုအချိန်ထိမမအားဘာတစ်ခုမှမရွဲ့ဖူးသေးပါ။

"တီချယ် တီချယ်နဲ့လေခေါ်ခေါ်နေဟာကိုပြောတာ..ဘာလဲတို့ပြောထားလို့တမင်များခေါ်နေသလား"

ဒီတစ်ခါတော့မမဘက်ကိုလိုက်ပါသည်။မမ မျက်နှာကိုလည်းပြန်ကြည့်မိပါသည်။ပြောခဲ့သလိုပါပဲ... မမကတကယ်ကိုချောလွန်းသည်။ကိုယ့်မျက်လုံးများက မမ၏ဘယ်ဘက်နားဆီသို့အကြည့်ရောက်သွားခဲ့ပြန်သည်။ဘယ်ဘက်နားကြားတွင်ပန်ဆင်ထားသောနှင်းဆီဝါလေးတစ်ပွင့်ကမမ၏အလှအားပိုလှစေရန်ပံ့ပိုးပေးနေပြန်သည်။စိတ်ထဲ မမ၏ဆံနွယ်များထိကြည့်ချင်နေမိသည်။ပြီးတော့နှင်းဆီဝါလေးတစ်ပွင့်ကိုလည်းကိုယ်တိုင်ပန်ပေးချင်မိသည်။ထိုကဲ့သို့တွေးမိရင်းမဆီမဆိုင်အတွေးတစ်ခုကဝင်လာပြန်သည်။မမ၏‌ဆံနွယ်ရှည်များအားဘယ်လိုလူများထိကိုင်ဖူးသလဲ။မမ၏နားကြားတွင်မည်သူတစ်ဦးတစ်ယောက်ကများထိုကဲ့သို့သောနှင်းဆီဝါများအားပန်ဆင်ပေးဖူးသလဲဟုတွေးမိတော့စိတ်ထဲအလိုမကျစွာနှမြောသသဖြစ်မိပါသည်။စိတ်ထဲတွင်တော့မမဟာ ဘယ်လိုလူမျိုးနှင့်မှမလိုက်ဖက်ဟုထင်မိပါသည်။မမလို အလှအပတွေနှင့်ထက်မြက်မှုများပြည့်စုံနေသည့်မိန်းကလေးအားတစ်ယောက်တည်းသာတောက်ပစေချင်မိပါသည်။

အတွေးများစွာကိုခဏအတွင်းကြာရှည်စွာတွေးလိုက်မိသည်ထင်ပါသည်။မမဟာနောက်တစ်ဖန်အသံပြုလာပါသည်။

"ဘာလို့ငြိမ်နေတာလဲ..တို့ပြောသလိုဟုတ်နေလို့လား"

ထိုအခါမှပြန်ပြီးအသိဝင်လာတော့သည်။

"အာ..မဟုတ်ပါဘူး ..တီချယ်ပဲ..တီချယ်လို့ခေါ်လို့ပြောထားလို့လေအဲ့ဒါကြောင့်ခေါ်တာပါ"

"အဲ့ဒါကကျောင်းမှာပဲခေါ်ဖို့ပြောခဲ့တာပါ..အိမ်မှာခေါ်ဖို့မပြောခဲ့ပါဘူး...ဧကန္တ မင်းမှတ်ဉာဏ်မကောင်းတာလား "

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now