အပိုင်း[၆]

3.2K 180 5
                                    

သွေးကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသည်။ထိုအချိန်မှာပဲမောင့်ဆီကဖုန်းလာသဖြင့်ကိုင်လိုက်မိသည်။

"ဟလို..မောင်"

"သွေး...မောင်ပြောစရာရှိလို့ဖုန်းဆက်လိုက်တာ"

ချစ်သူ၏သဘောထားအားသိထားပြီးသားဖြစ်သဖြင့်စကားခံလိုက်သည်။သွေးကအကြောင်းမရှိဘဲဖုန်းဆက်ခြင်းအားမကြိုက်‌ေသာသူမျိုးဖြစ်သည်။

"အွန်း..ပြောလေ‌မောင်"

"မောင်တစ်ပတ်လောက်အနားယူရင်း‌ေတာင်ကြီးဘက်ခရီးထွက်မလို့ အဲ့ဒါသွေးရောလိုက်ခဲ့ပါလား"

"ကျွန်မ မလိုက်တော့ဘူးမောင် ကျောင်းကလည်းတစ်ပတ်ကြီးပိတ်တာမဟုတ်ဘူးလေ"

မောင့်၏စကားသံအရသွေးအားလိုက်စေချင်မှန်းသိသည်။ဒါပေမဲ့သွေးမှလိုက်လို့မဖြစ်ဘဲ။သွေးလိုက်သွားရင်သေချာပေါက်အတန်းချိန်တွေဖျက်ရမည်။ မဖြစ်မနေကိစ္စရှိလို့ဆိုရင်တော့ဖျက်ချင်ဖျက်မိလိမ့်မည်။မဟုတ်လို့က သွေးဟာဖျက်လိမ့်မည့်သူမဟုတ်။သိပ်ကိုစည်းကမ်းရှိသည့်အမျိုးသမီးပေပဲ။

"သွေးကလည်းကွာ တခါတရံပဲဖျက်လိုက်ပေါ့ မောင်တို့ခရီးအတူမထွက်ရတာဘယ်လောက်ကြာပြီလဲ"

"တော်တော့မောင် ..ကျွန်မခရီးထွက်ဖို့စိတ်လည်းမပါဘူး...ပြီးတော့အတန်းဖျက်ပြီးဆိုပိုပြီးတောင်မသွားချင်ဘူးမောင်။မောင်လည်းကျွန်မစိတ်ကိုသိရက်သားနဲ့"

တစ်ခုခုဆိုမောင့်ဘက်ကသာအလျှော့ပေးရစမြဲ ။မောင့်ဆန္ဒတွေထက် ကိုယ့်ဆန္ဒတွေကိုသာလုပ်ခဲ့သည်ကများသည်။အခုလည်းမောင်သာအလျှော့ပေးရလိမ့်မည်မဟုတ်လား။‌သို့ပေမဲ့မောင်နဲ့စကားများရတာမျိုးသိပ်မရှိခဲ့ပါ။စိတ်ကြီး‌သောကိုယ့်ကြောင့်မောင်ဟာအတတ်နိုင်ဆုံးစကားမများရစေရန် ထိန်းပြောပေးတတ်သည်။

"အင်းပါ မောင်ကသွေးရောလိုက်ချင်မလားလို့ပါ..သွေးမလိုက်ချင်ဘူးဆိုတော့လည်းမောင်တစ်ယောက်တည်းသွားရုံပေါ့"

မောင်ကကိုယ်စိတ်ဆိုးမှာကြောက်လို့ထင်ပါရဲ့။စကားကိုပေါ့ပေါ့ပါးပါးနဲ့ပြောနေသည်။ကိုယ့်ကိုယ်ကိုယ် တခါတရံတစ်ကိုယ်ကောင်းဆန်လွန်းမှန်းသိပါသည်။မောင့်အတွက်မတရားမှန်းလည်းသိသည်။ဒါပေမဲ့မောင့်အပေါ်ဆိုအမြဲအနိုင်ယူချင်မိသည်။ဒါကလည်းမောင့်ကိုချစ်လွန်းလို့သာဖြစ်ပါလိမ့်မည်။ပြီး‌ေတာ့ရှိ‌ေသးသည်။‌ေသွးကချစ်တာကိုထုတ်မပြတတ်‌ေသာလူမျိုးပဲဖြစ်သည်။စိတ်ထဲသာထားတတ်သည်။ဘယ်လို‌ေပြာရမလဲဆိုတော့ မာနဆိုတဲ့အချက်‌ေကြာင့်ဖြစ်ပါလိမ့်မည်။‌ကိုယ့်ရဲ့ပင်ကိုစိတ်မှာကတည်းကပါလာခဲ့‌ေသာမာနဆိုတဲ့အရာက မောင့်အပေါ်ထားတဲ့အချစ်တွေအားထုတ်ပြခွင့်မပေးခဲ့ပါ။သွေးသူငယ်ချင်းကပြောဖူးသည်။မောင့်အပေါ်အနိုင်မယူလွန်းနဲ့တဲ့။တချိန်ချိန်မောင်ကသွေးကိုထားသွားလိမ့်မယ်တဲ့လေ။ထိုသို့ဖြင့်မထင်ပါ။မောင်ကကိုယ့်ကိုသိပ်ချစ်တာ။ဘယ်တော့မှထားခဲ့လိမ့်မည်မဟုတ်။ဒါကိုအကြွင်းမဲ့ယုံကြည်ထားသည်။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now