Title - A Nest Of Snakes inside an Old Tomb
( သင်္ချိုင်းဟောင်းမှ မြွေပုံပြင်)မြွေပွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည့် လူသားတစ်ယောက်အနေဖြင့် ယင်ရှောင်ရှောင်း၏ ဘဝမှာ အစားစားသည့်အချိန်မှလွဲ၍ အလွန်သာယာလှပလေသည်။
ယင်မြွေ(Yin snake) တစ်ကောင်နှင့် မော့မြွေ(Mo snake)တစ်ကောင် တွေ့ဆုံကြသည့်အခါ ယင်ရှောင်ရှောင်းတစ်ယောက် ခင်ပွန်းဖြစ်သူ၏ မျိုးနွယ်ကို လက်ခံပေးနိုင်သည်။
မည်သည့်မှတ်ဉာဏ်ကိုမျှ ဆက်ခံထားခြင်းမရှိသည့် မြွေပွေးတစ်ကောင်အနေနှင့် ယင်ရှောင်ရှောင်း သိရှိသည်မှာ ရှေးဟောင်းသင်္ချိုင်းတစ်ခုတွင် အမျိုးမျိုးသော မြွေမျိုးနွယ်စုတို့သည် မြွေတစ်ကောင်အား အမှန်တကယ် ဖိအားပေးနိုင်ကြောင်းပင်။
အချုပ်အားဖြင့် ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်း၏ဘဝမှာ ဤအရာမှလွဲ၍ ဘာမျှမဟုတ်ချေ။ ‘မတူညီသည့် မြွေပွေးမျိုးနွယ်စုများ၏ လက်ထပ်ပွဲ’။ ဤသင်္ချိုင်းဟောင်းအား အုပ်ချုပ်သည်မှာ သူ၏ဘေးချင်းကပ်လျက်ရှိ မြွေပွေးမျိုးနွယ်မှဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဟေးတန် အဖိုးတန်မြွေဆိုးလေးမှာ ရှောင်းရှောင်းအား စိုးရိမ်နေလေသည်။
အမှန်တကယ်တွင် ဤဇာတ်လမ်းမှာ ခပ်ဆိုးဆိုးမော့မြွေလေးမှ ရူးကြောင်ကြောင်ယင်မြွေလေးအား သည်းသည်းတုန်အောင်ချစ်မြတ်နိုးသည့် အကြောင်းပင်ဖြစ်သည်။
ဘော့စ်မော့ : ယင်ရှောင်ရှောင်း.. မင်း ပျားရည်တွေ ခိုးပြန်ပြီ...
ယင်ရှောင်ရှောင်း : အဲဒါတွေစားတာ သေချာပေါက် ခင်ဗျားသားနော်..
မြွေပေါင်ပေ့လေးများ : ဖေဖေက မြွေလိမ်မြွေညာ..!
..........
ယင်မြွေ - ငွေရောင်မြွေ
မော့မြွေ - မှင်ရောင်မြွေ (အနက်ရောင်မြွေ)
ဟီးဟီး နောက်တစ်ပုဒ် နောက်တစ်ပုဒ် 😁😁
ဖူဒီ တစ်ခုပြောပြဦးမယ်
အခု novel လေးကအရင်ဘာသာပြန်သူရှိပါတယ်
Update ကလာသေးလား မလာတော့ဘူးလားမသိတော့ဘူး ရှာတာမတွေ့လို့
ဖူဒီ ဖတ်ချင်လို့ ကြိုက်နှစ်သက်လို့ဘာသာပြန်မှာပါ ကြိုက်တဲ့သူစီက ဖတ်ပါနော်
အချင်းမများချင်ပါဘူး ✌️✌️✌️
ဒီ novel လေးကို ဖတ်ချင်လို့ IQ team မှာ တောင် သွားတောင်းထားပါသေးတယ် (အမှန်တော့ ဖူဒီပြန်သမျှအားလုံးသွားတောင်းထားတာ မြန်မြန်ဖတ်ချင်လို့ 😁😁ဝိုင်းကူတောင်းပေးကြပါလား )
သူတို့ပြန်မပြန်မသေချာလို့ ကိုယ့်ဘာသာပဲပြန်လိုက်တယ်
တကယ်လို့ သူတို့ပြန်တော့လဲ မြန်မြန်ဖတ်ရတာပေါ့နော် ...မပြန်ရင်လည်း တစ်ပတ် တစ်ပိုင်း တင်ပေးမှာမို့ မပူပါနဲ့ ...
ဖူဒီနဲ့တူတူလိုက်ဖတ်မဲ့သူများရှိရင် အကြောင်းကြားဦးနော် တစ်ယောက်ထဲဆိုအားငယ်လို့ 😅😅
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator