Chapter 16မြွေငယ်လေးများ နိုးလာပြီးနောက် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့လည်း ဆက်မအိပ်ရဲတော့ဘဲ ထလာရသည်။ မနေ့ညက သူတို့နှစ်ကောင် ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ပြီး ဒီမနက်တွင်လည်း စောစောထရသေးသည်။ ညနက်ရတဲ့ အကြောင်းရင်းကတော့… အဟွတ်..အဟွတ်… မဟုတ်ကဟုတ်ကတွေ လျှောက်တွေးမနေနဲ့… ခင်ဗျားတို့ထင်သလို လုံးဝမဟုတ်ဘူးနော်။ ဟွားရှောင်ဟွားက ယင်တပိုင်ကို အချိန်အကြာကြီး အပြစ်ပေး ဆုံးမနေသောကြောင့် ညဉ့်နက်မှ အိပ်ရာဝင်ဖြစ်ခြင်းပင်။ တစ်ခြားကိစ္စအတွက် ဘာအချိန်မှမရှိခဲ့ပါ။ ယနေ့တွင်မူ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ နှစ်ဦးသား အတူတူ အမဲလိုက်ထွက်ကြမည် ဖြစ်သည်။
ယင်ရှောင်ရှောင်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ နှစ်ကောင်အား အကြိမ်ပေါင်းများစွာ တစ်လှည့်စီ ကြည့်နေမိသည်။ ထို့နောက် ဟွားရှောင်ဝူ၏ဘေးသို့ မျက်စိတစ်မှိတ်အတွင်း လျင်မြန်သောအရှိန်ဖြင့် သွားလိုက်ကာ နားနားကပ်လျက် စကားအချို့ကို တီးတိုးရေရွတ်လိုက်သည်။ ရှောင်ရှောင်း ပြောလိုက်သောစကားကြောင့် ဟွားရှောင်ဝူ တွေဝေတုံ့ဆိုင်းသွားသည်။
“အာ…အဲဒီလိုဆိုရင် အဆင်ပြေပါ့မလား”
ယင်ရှောင်ရှောင်းက ခေါင်းကို တစ်သွင်သွင်ညိတ်ရင်း ပြန်ဖြေသည်။
“အွန်ဟွန်း… အဆင်ပြေမှာပါ”
ဟွားရှောင်ဝူ၏ခန္ဓာကိုယ် တစ်ချက်တွန့်သွားသည်။
”အင်း…ဟုတ်ပြီ… ကောကော သိပြီ”
ဟွားရှောင်ဝူလည်း ဟွားရှောင်ဟွား၏ဘေးသို့ ဖြေးဖြေးချင်း ချဥ်းကပ်သွားလိုက်သည်။
“ပါပါး”
ဟွားရှောင်ဟွားက ဟွားရှောင်ဝူးအား တစ်ချက်လှမ်းကြည့်လာသည်။
“ဘာလဲ”
ဟွားရှောင်ဝူး တံတွေးမြိုချလိုက်မိသည်။
“ဒီနေ့…ဖေဖေနဲ့ပါပါးက အမဲလိုက်ထွက်ကြမှာလား”
“အင်း”
“အဲ…အဲဒါကလေ…”
ဟွားရှောင်ဝူလည်း မျက်နှာထက်တွင် အပြုံးမပေါ်ပေါ်လာအောင် အတင်းလုပ်ပြုံးလိုက်သည်။
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator