Chapter 29ယင်ရှောင်ရှောင်း အသက်လုပြေးနေရသည်။ သူ၏နောက်တွင် မော့လောင်တမှာ မိုးခြိမ်းသံတမျှ ဟိန်းဟောက်ကာဖြင့် မလိုမုန်းထားမှု အပြည့်နှင့် လိုက်ဖမ်းနေလေသည်။ ယင်ရှောင်ရှောင်းခမျာ မော့လောင်တထံမှ လွတ်လမ်းမရှိချေ။ သူတို့နှစ်ကောင်ကြားမှ အကွာအဝေးမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလို့လာနေသည်ကြောင့် နှစ်ကောင်သာ နီးသထက် နီးလာလေသည်။ ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ အသက်ရှူသံကိုပင် ခံစားနိုင်သည်အထိ နီးကပ်လာလေသည်။
ဟမ်.. မော့လောင်တရဲ့ ဝင်လေထွက်လေက ဘာလို့ အေးနေတာတုန်း..
ထို့နောက် ယင်ရှောင်ရှောင်း နိုးလာသည်။
ယင်ရှောင်ရှောင်း အေးစက်စက်အရာများကို သူ၏အမြီးဖြင့် သုတ်လိုက်သည်။ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး အပြင်ဘက်ရှိ ရာသီဥတုအား သတိပြုမိလိုက်သည်။
မိုးရွာကာ မိုးခြိမ်းနေလေသည်။ ဂူအပြင်ဘက်တွင် လေလည်းတိုက်နေသေးသည်။ အိပ်မက်ထဲမှ တဟေးတန်၏ အော်သံမှာ မိုးခြိမ်းသံတမျှ ဆူညံကျယ်လောင်နေခြင်းနှင့်အတူ သူ၏ အေးစက်စက် ထွက်လေမှာလည်း အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။
နေပါဦး.. ငါက ဘာကိစ္စနဲ့ အဲဒီ တဟေးတန်ကို အိပ်မက်မက်နေရတာတုန်း..
ယင်ရှောင်ရှောင်း၏ အမူအရာမှာ ၀.၀၁ စက္ကန့်အတွင်း ပြုံးနေရာမှာ မဲမှောင်သွားသည်ကို မြင်လိုက်ရသည့် ဟွားရှောင်ဝူမှာ တံတွေးပင် မြိုချလိုက်မိသည်။
“အာ့ကောကောနဲ့ စန်းကောကောတို့ ကောင်းကောင်းဆော့နေကြလားဆိုတာ သွားကြည့်တာကပဲ ပိုကောင်းမယ် ထင်တယ်နော်..”
ယင်ရှောင်ရှောင်းမှာ အတွေးထဲ နစ်မြုပ်နေဆဲပင်။
‘အဲဒီ တဟေးတန်ကို ဘာကိစ္စနဲ့ အိပ်မက်မက်ရတာတုန်းလို့.. လုံးဝကြီး မဖြစ်သင့်တဲ့ အရာလေ.. အိပ်မက်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲလေ..’
ဟွားရှောင်ဝူမှာ မီးခိုးငွေ့သဖွယ် ပျောက်ကွယ်သွားခြင်းအား လုံးဝ သတိမထားမိလိုက်ချေ။
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator