Chapter 119🐍

1K 153 0
                                    

🐍Chapter 119



"ပိုင်ကျားဟေးလား"

မော့လောင်တလည်း သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။

"ဒါပေမဲ့ ကိုးကောင်မြောက်လေးက ပိုင်မြွေနဲ့ဟေးမြွေမွေးထားတဲ့ကလေးလည်းမဟုတ်ဘူး...ယင်မြွေနဲ့ မော့မြွေကနေ ထွက်လာတဲ့ ကလေးလေ... နာမည်ပေးရင်... ယင်ကျားမော့လို့ပဲ ပေးသင့်တာပေါ့"။

ပိုင်ကျားဟေး....။

ကြော်ငြာများကို ကြည့်ဖူးသည့် လူသားများဆိုလျှင် ထိုနာမည်နှင့် အတော်လေး ရင်းနှီးနေမည် ဖြစ်သည်။ မော့လောင်တကို နားလည်အောင် ရှင်းပြဖို့ ယင်ရှောင်ရှောင်း အခွင့်မသာခဲ့ပေ။ သို့သော် ယင်ကျားမော့ဟူသော နာမည်ကြီးကတော့ အတော့်ကို ဆိုးဝါးလှပါသည်။

"ကလေးတွေအားလုံးရဲ့နာမည်ကို...မင်းပဲရွေးတာဆိုတော့...ကိုးကောင်မြောက်လေးရဲ့နာမည်ကိုတော့ကိုယ့်စိတ်ကြိုက်ပြောင်းမယ်ဆိုရင်...မလွန်ဘူးမလား"။

မော့လောင်တက ဆက်ပြောသည်။

"ကိုးကောင်မြောက်လေးရဲ့အစင်းကြောင်းလေးတွေက...တစ်ခြားကလေးတွေနဲ့အရမ်းကိုကွဲပြားလွန်းတယ်...မင်းရဲ့မျိုးရိုးနာမည်ကိုယူသုံးဖို့မရည်ရွယ်ထားပေမဲ့...ယင်ကျားမော့ကအကောင်းဆုံးပဲလို့ထင်တယ်"။

ပုံမှန်အတိုင်းဆိုလျှင် မော့လောင်တ၏ စကားကို ယင်ရှောင်ရှောင်း ငြင်းလိမ့်မည်ဖြစ်သည်။ ပိုင်ကျားဟေးဟူသော နာမည်လှလှလေးကို ယင်ကျားမော့ဟူသည့် ထူးဆန်းသော နာမည်ကြီးနှင့် အလဲအထပ် မလုပ်နိုင်ပါ။ သို့သော် မော့လောင်တနှင့် ထိပ်တိုက်ပြိုင်ငြင်းနေလျှင် သူလိုချင်တာ မရနိုင်မှန်း ယင်ရှောင်ရှောင်း သိသည်။ ယင်ရှောင်ရှောင်း၏ မျက်ဝန်းတို့ အရောင်လက်သွားပြီး မော့လောင်တအား ပြောလိုက်သည်။

"ကိုးကောင်မြောက်လေးကိုရွေးခိုင်းရင်ပိုမကောင်းဘူးလား...သူကြိုက်တာသူရွေးပါစေပေါ့"

မော့လောင်တလည်း တစ်ခဏမျှ စဥ်းစားပြီး ယင်ရှောင်ရှောင်း၏ စကားကို သဘောတူလိုက်သည်။

ယင်ရှောင်ရှောင်း ကိုးကောင်မြောက် အကောင်ပေါက်လေး၏ မျက်နှာချင်းဆိုင်သို့ လျှောတိုက်သွားလိုက်ပြီး သူ့အမြီးနှင့် ကလေးငယ်၏ခေါင်းကို ပုတ်ကာ မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ပွင့်ကို ပန်ဆင်လျက် ပြောလိုက်သည်။

[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now