Chapter 15ယင်တပိုင်နှင့် ယင်ရှောင်ရှောင်းတို့ ဂူပေါက်ဝသို့ ပြန်ရောက်လာချိန်တွင် သူရိန်နေမင်းကြီးက အနောက်အရပ်သို့ ဝင်လုဆဲဆဲ ဖြစ်နေပြီး ကမ္ဘာမြေတစ်ခွင်တွင် ပုစွန်ဆီရောင်အလင်းတန်းများကို ဖြန့်ကြက်ထားသည်။ သိပ်မပြင်းလှသော အလင်းရောင်ပျို့ပျို့လေးက မြွေပေါက်လေးများ၏ စိတ်အစဥ်ကို လန်းဆန်းစေသည်။ ယင်ရှောင်ရှောင်းလည်း အနောက်အရပ်သို့ ကွန်းခိုနေသော သူရိန်နေမင်းကြီးနှင့် ညနေဆည်းဆာအလှကို ခံစားရင်း ကြည်နူးနေမိသည်။
ယင်တပိုင်နှင့် ယင်ရှောင်ရှောင်းတို့ ဂူကြီးထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဝင်သွားကြသည်။ ယင်တပိုင်က ယင်ရှောင်ရှောင်းထက်ပို၍ အလျင်စလိုဖြစ်နေသည်။
“ရှောင်ဟွားရေ… ကိုယ်ပြန်ရောက်ပြီ”
ကံဆိုးစွာဖြင့် မည်သူကမှ ပြန်မဖြေလာပေ။ ယင်တပိုင် ဂူအတွင်းထဲသို့ ပတ်ကြည့်လိုက်သော် ဟွားရှောင်ဟွားကိုလည်း မတွေ့ရသလို အခြားမြွေပေါက်လေးများကိုလည်း မတွေ့ရချေ။
“ဟင်… ထူးဆန်းလိုက်တာ... ဘယ်သွားလိုက်ကြတာပါလိမ့်”
ယင်တပိုင် ရှောင်ရှောင်းအား မေးငေါ့ကာ ပြောလာသည်။
ယင်ရှောင်ရှောင်းလည်း မသိသောကြောင့် အထူးအထွေ ပြန်ဖြေမနေတော့ပေ။ ဂူကြီးတစ်ခုလုံးကို ယင်တပိုင် အကြိမ်အနည်းငယ် လှည့်ပတ်ရှာလိုက်သည်။ သို့သော် မြွေတစ်ကောင်တစ်လေ၏ အရိပ်အယောင်ကိုမှ မတွေ့ရသောကြောင့် လက်လျှော့လိုက်သည်။
”အိမ်နီးနားချင်းတွေဆီကို သွားလည်တာနေမှာ”
ထိုအိမ်နီးနားချင်း ဆိုသည်မှာလည်း လန်အာလန်နှင့် ဟုန်စန်ဟုန်တို့သာရှိသည်။
”ရှောင်ရှောင်း… ဖေဖေ သားပါးပါးနဲ့ ကောကောတို့တွေကို သွားရှာလိုက်ဦးမယ်… ဒီမှာ လိမ်လိမ်မာမာနဲ့ နေခဲ့နော်… မဟုတ်မဟတ်တွေ ဘာမှလျှောက်မလုပ်နဲ့”
ထိုသို့ တိုတိုတုတ်တုတ်ပြောပြီး ဂူအပြင်ဘက်သို့ အမြန်ထွက်ခွာသွားတော့သည်။
ဖခင်ဖြစ်သူထွက်သွားသည်နှင့် ယင်ရှောင်ရှောင်၏ နှုတ်ခမ်းစွန်းတို့ တွန့်ချိုးသွားသည်။
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator