Chapter 121🐍

1.1K 191 1
                                    

🐍Chapter 121

ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ခါနီးတွင် ယင်ရှောင်ရှောင်း  လုံးလုံးလျားလျား နိုးလာပြီး အောက်ခြေသို့ရောက်ရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း တွေ့လိုက်ရသည်။ မော့လောင်တ ကျောပေါ်မှ ဆင်းသွားသော ယင်ရှောင်ရှောင်းက မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ တည်တံ့နေသည်။ ကိုးကောင်မြောက်လေးဆီမှ ရွှေငွေများကို ယူကာ ကျန်သည့်အရာများကို မော့လောင်တထံသို့ လွှဲလိုက်သည်။ ထို့နောက် သူတို့မြွေအုပ်တစ်အုပ်လုံး ချောက်ကမ်းပါးအောက်ခြေသို့ ဦးတည်ထွက်ခွာခဲ့ကြပြန်သည်။

ချောက်ကမ်းပါးအောက်ခြေသို့ ရောက်သောအခါ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် ထူးဆန်းသော‌မြွေများဖြစ်သော ကောရှဲနှင့် ပါးရှဲ မရောက်လာမီအထိ ခဏတစ်ဖြုတ် လိုက်ရှာမိကြသည်။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းကို တွေ့သောအခါ ကောရှဲနှင့် ပါးရှဲတို့ နှစ်ကောင်လုံး ပျော်ရွှင်သွားကြပြီး အခြားမြွေများကို အကြောင်းကြားရန် ချက်ချင်း ထွက်ခွာသွားကြသည်။

ကြိုတင်မတိုင်ပင်ထားဘဲနှင့် ထူးဆန်းသောမြွေများ အားလုံးက သူတို့၏ အရွယ်အစားကို သေးငယ်အောင် ကျုံ့လိုက်ကြသည်။ သူတို့၏ ကြီးလွန်းသော ခန္ဓာကိုယ်က မြွေပေါက်လေးတွေ မပြောနဲ့... ယင်ရှောင်ရှောင်းနှင့် မော့လောင်တကိုတောင် မနည်းမသက်မသာ ကြည့်နေရသော ကြောင့်ပင်။

ထူးဆန်းသော မြွေများက ယင်ရှောင်ရှောင်းနှင့် မော့လောင်တ နောက်တွင် ရပ်နေသည့် မြွေပေါက်ငယ်လေးများကို ဇဝေဇဝါနှင့် ကြည့်နေကြသည်။

"ဒီမြွေပေါက်လေးတွေက...."

မြွေထူးမြွေဆန်းများက ယင်ရှောင်ရှောင်း၏ ကိုယ်ဝန်နှင့် ပတ်သက်ပြီး ဘာတစ်ခုမှ မသိသည်ကို ထိုအခါမှ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ သတိရသွားသည်။

ထိုအခါ ယင်ရှောင်ရှောင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ချက်ချင်းလက်ငင်း ပြန်ဖြေလိုက်သည်။

"ဒီမြွေပေါက်လေးတွေက...ကျွန်တော်နဲ့ တဟေးတန်ရဲ့ ကလေးတွေလေ"

[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now