🐍Chapter 76
ယင်ရှောင်ရှောင်း : "ဒီကိစ္စကပြဿနာအကြီးစားမဟုတ်ဘူးလား..."
ယင်ရှောင်ရှောင်း ရေရွတ်လိုက်သည်။
မော့လောင်တက သူ့အားဇဝေဇဝါဖြင့် ကြည့်လာသည်။
"ဘာကပြဿနာဖြစ်နေလို့လဲ..."
"ဘာကြီး...ဘာကပြဿနာဖြစ်နေလို့လဲဟုတ်လား"
ယင်ရှောင်ရှောင်း၏လေသံက ဒေါသသံစွက်နေသည်။ ခါတိုင်းထက်လည်း အသံကပိုပိုပြီးကျယ်လာသည်။
"ဒီလိုကိစ္စမျိုးကအရမ်းအရေးကြီးတဲ့ကိစ္စလေ....အဲဒါကိုခင်ဗျားကဘာလို့သာမာန်ကာလျှံကာနဲ့တွေ့တဲ့မြွေတိုင်းကိုလိုက်ပြောနေတာလဲ"
ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းအား တစ်ချက်စိုက်ကြည့်လာသည်။ ယင်တပိုင်၏မျက်နှာထားကလည်း ရုတ်တရက်ဆိုသလို တင်းမာသွားသည်။
မော့လောင်တက စိတ်ရှုပ်ထွေးနေပုံရသည်။
"အဲဒီလောက်အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ဘူးရှောင်ရှောင်းရာ...ပြီးတော့မြွေပွေးမျိုးနွယ်အချင်းချင်းကိုမပြောနိုင်စရာဘာအကြောင်းရှိသေးလို့လဲ"
ယင်ရှောင်ရှောင်းက မာန်မလျှော့ပဲဆက်ပြောသည်။
"ဒီကိစ္စကအရေးမကြီးဘူးဆိုရင်...ကျွန်တော်ရယ်...မော့တာယိရယ်ခင်ဗျားရယ်သုံးယောက်တည်း...ဘာလို့သွားစစ်ဆေးနေသေးလဲ...တစ်ခြားမြွေတွေကိုပါခေါ်ခဲ့ပါလား"
မော့လောင်တတစ်ယောက်အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
အရူးပေါက်လေးက...ဒီနေ့ကျမှဘာလို့အဲ့လောက်ခေါင်းမာနေရတာလဲ
"ကိုယ်ကမျိုးနွယ်စုခေါင်းဆောင်နော်...ခေါ်ချင်ရင်မြွေပွေးတစ်မျိုးလုံးကိုခေါ်လိုက်လို့ရတယ်...ဒါပေမဲ့မလိုအပ်လို့မခေါ်တာ"ယင်ရှောင်ရှောင်းက ပို၍ရှူးရှူးရှားရှားဖြစ်သွားသည်။
"ခင်ဗျား...ဘာစကားပြောတာလဲ...ကျွန်တော်ပြောနေတာကိုအရေးမစိုက်တာလား"
"ကဲ...ကဲတော်ကြပါတော့...ဘာတွေအငြင်းအခုံဖြစ်နေကြတာလဲ"
ရန်ထဖြစ်တော့မည့် မော့လောင်တနှင့်ယင်ရှောင်ရှောင်းကို နောက်ဆုံးတွင် ဟွားရှောင်ဟွားကိုယ်တိုင်ပဲ ဝင်ပြီးဖျန်ဖြေပေးရတော့သည်။
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator