Chapter 92🐍

1K 174 1
                                    

🐍Chapter 92

မော့လောင်တသည် နယ်နိမိတ်တွင် ထပ်၍အချိန်မဖြုန်းတော့ပေ။ သူက ယင်ရှောင်ရှောင်းအား ဤနေရာတွင်သာ ထားခဲ့ချင်သော်လည်း လျှိုကျစ်ရှင်းနှင့် စုလောင်တို့ တောင်ခြေတွင်ရှိနေကြောင်း ယင်ရှောင်ရှောင်းအား ပြောခဲ့သည်။ မော့လောင်တအနေဖြင့် အရူးပေါက်လေးအား မျက်စိထောင့်ထောက်ကြည့်မနေဘူးဆိုလျှင် မည်သည့်အရာများ ဖြစ်လာနိုင်မည်ကို ဘုရားမှပင် သိပေလိမ့်မည်။

ယင်ရှောင်ရှောင်း နောက်တစ်ကြိမ် တိတ်တိတ်လေး ထွက်ပြေးသွားနိုင်သည်။

မော့လောင်တသည် မြွေပွေးအုပ်စုတစ်စုအား စုဆောင်းကာ မော့တာမော့နှင့်အတူ နယ်နိမိတ်အား စောင့်ကြပ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် မော့တာမော့ ကျန်ခဲ့ပြီး မော့လောင်တသည် ယင်ရှောင်ရှောင်းအား ကျောပေါ်တွင်တင်ကာ လျှိုကျစ်ရှင်းနှင့် စုလောင်အား ရှာဖွေရန် ထွက်သွားလေသည်။

မော့လောင်တသည် လမ်းတစ်လျှောက် အလျင်စလို သွားခြင်းမပြုပေ။ လျှိုကျစ်ရှင်းနှင့် စုလောင်တို့သည် ယင်ရှောင်ရှောင်း၏ လှည့်စားမှုကြောင့် တောင်ပေါ်သို့ သွားနေကြသည်။ သူနှင့် ယင်ရှောင်ရှောင်းတို့ လျှိုကျစ်ရှင်းနှင့် စုလောင်တို့ထက် အနည်းငယ်နောက်ကျပြီးမှရောက်မယ်ဆိုလျှင် သူတို့သည် ထိုလူနှစ်ဦး တောင်ပေါ်ရောက်ရန် ရက်ပေါင်းများစွာ စောင့်ရပေမည်။ ထိုသည်မှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

မော့လောင်တသည် လျှိုကျစ်ရှင်းနှင့် စုလောင်တို့နှင့် မတွေ့ဆုံနိုင်မည့်လမ်းအား ရွေးလိုက်သည်။ မျှော်လင့်မထားသည်မှာ မတော်တဆ လူ ၁၁ ဦး၏ အသက်ကို နှုတ်ရမည်ဟူ၍ပင်။

သို့သော် ဖြစ်ပျက်ခဲ့သည့်အတိုင်း မော့လောင်တ ရွေးချယ်ခဲ့သော ထိုလမ်းသည် စစ်မှန်သော ကျွမ်းကျင်မှုကြောင့် သင်္ချိုင်းတွင်းကို ဝင်ရောက်ဖို့ အခိုင်အမာ တောင်းဆိုခဲ့သော လူဆယ့်တစ် ယောက်နှင့် အတူတူဖြစ်ပြီး အမြင့်ဆုံးတောင်ထိပ်တွင် သူတို့ ဝှက်ထားသည့် သင်္ချိုင်းဟောင်းနေရာကို ဖော်ထုတ်နိုင်ခဲ့သည်။  ထို့ကြောင့် သူတို့သည် အထွတ်အထိပ်သို့ ထွက်သွားကြသည်။ သူတို့ အလွန်ကံကောင်းသည်။ သူတို့သည် နှစ်ရက်အတွင်း ထိုတောင်ခြေသို့ ရောက်ရှိခဲ့ကြပြီး မြွေပွေးများကို မတွေ့ရပေ။ သို့သော် ထိုကံကောင်းမှုများသည် နောက်ဆုံးတွင် ကုန်ဆုံးသွားပုံရသည်။

[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now