Chapter 5ထိုရှင်းလင်းချက်ကြီးပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းမှာ ရှုပ်ထွေးမှုနှင့်အတူ မျက်စိလည်နေတော့သည်။ သို့သော်လည်း ဤနေရာ၏ နောက်ခံအကြောင်းအရာအား အကြမ်းဖျဉ်းမျှ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ပင်ပန်းနေသည့် ယင်ရှောင်ရှောင်းအားကြည့်ကာဖြင့် ယင်တပိုင်မှာ ဟွားရှောင်ဟွား၏ ရှင်းလင်းပို့ချနေမှုအား ရပ်တန့်စေလိုက်သည်။
“ကျန်တာကို မနက်ဖြန်မှ ဆက်ပြောလို့ရပါတယ်ကွာ.. ရှောင်ရှောင်းက ပင်ပန်းနေပြီ..”
ဟွားရှောင်ဟွား ပါးစပ်ပိတ်သွားသည်။
“သွားအိပ်တော့.. သွားအိပ်တော့.. မာမားတို့ ဆွေးနွေးနေတာကို မနက်ဖြန် သားသားတို့ မထခင်အထိ ရပ်ထားလို့ရတယ်..”
ဟွားရှောင်ဟွား စကားပြောရပ်လိုက်ပြီး ထွက်သွားလေသည်။ ယင်တပိုင်မှာလည်း ချက်ချင်းဆိုသလို လိုက်ပါသွား၏။ ယင်ရှောင်ရှောင်း ထူးဆန်းနေမိသည်။
ဖြစ်နိုင်တာက.. မြွေပေါက်လေးတွေနဲ့ မိဘတွေက အတူတူ မအိပ်ကြဘူးလား..
သို့သော်လည်း အခြားမြွေပေါက် ငါးကောင်၏ အမှုမထားသလို အမူအရာကင်းမဲ့နေသည့် မျက်နှာများကြောင့် ယင်ရှောင်ရှောင်းမှာ ခပ်ဆိတ်ဆိတ် နေလိုက်ရသည်။
“ရှောင်ရှောင်းရေ.. ဒီညတော့ တူတူအိပ်ကြမယ်နော်..”
ဟွားရှောင်ဝူရောက်လာကာ ရှောင်ရှောင်းအား ပွတ်သပ်နေပြီး လျှာဖြင့်လျက်လိုက်သည်။ မြွေတစ်ကောင်အနေဖြင့် ပြောရမည်ဆိုလျှင် ထိုအပြုအမူမှာ အနမ်းပေးလိုက်ခြင်းပင်။ ယင်ရှောင်ရှောင်း ရှောင်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် ပြောလာသည်။
“ငါ.. ငါက ငါ့ဘာသာအိပ်မှာ.. စိတ်မရှိပါနဲ့နော်..”
ဘုရားရေ.. ဘယ်သူကမှ မနက်စောစော မြွေတစ်ကောင်ကို အရင်ဆုံး မြင်ချင်မနေဘူးနော်..
ယင်ရှောင်ရှောင်း စိတ်ထဲ၌ အော်ဟစ်နေလေသည်။
ဟွားရှောင်ဝူမှာ ချက်ချင်းဆိုသလို ဝမ်းနည်းတကြီးဖြင့် တီးတိုးရေရွတ်နေတော့သည်။
YOU ARE READING
[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)
Romancestory title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator