Chapter 103🐍

992 158 1
                                    

Chapter 103

ယင်ရှောင်ရှောင်းသည် ဤအစာကို စားရမည့်အတွက် အလွန်ပျော်ရွှင်စွာလို့နေသည်။ ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်းတို့ ထမင်းစားလေ့ရှိသော စားပွဲပေါ်သို့ လျှောတိုက်သွားလိုက်ပြီး ကျိုးဖုန်းလက်ထဲတွင် ကိုင်ထားသော ကိတ်မုန့်အဝိုင်းပြားကို မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေသည်။ ကိတ်မုန့်ကြော်နေသော ဝမ့်ယန်ကျန်းက တမင်တကာ အပိုကြော်ထားသည်။ ယင်ရှောင်ရှောင်း စားနိုင်သလောက် လုံလောက်အောင် အပိုများစွာ ပြုလုပ်ထားသည်။ ကျိုးဖုန်းသည် စားပွဲဘေးတွင်ထိုင်ကာ စိတ်ရှည်ရှည်ဖြင့် ကိတ်မုန့်ပြားတစ်ချပ်ကို လှန်လိုက်ပြီး ယင်ရှောင်ရှောင်း၏ ကျယ်လောင်စွာဖွင့်ထားသော ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ယင်ရှောင်ရှောင်း သည် ကိတ်မုန့်တစ်ခုလုံးကို မျိုချလိုက်ပြီး ပျော်ရွှင်စွာစားရင်း အမြီးကိုလှုပ်ရမ်းသွားသည်။

ယင်ရှောင်ရှောင်း စားနေသည်ကို စောင့်ရင်း မော့လောင်တ မပျော်တော့ပေ။ ထုံးစံအတိုင်း မော့လောင်တ သည် ယင်ရှောင်ရှောင်း အစာစားခြင်းကို မတားချင်သော်လည်း ယင်ရှောင်ရှောင်းက သူဖမ်းယူလာသည့် သားကောင်ကို စားရမည့်အစား လူသားကိုယ်တိုင်ပြုလုပ်ထားသော အစားအစာကို စားနေသည်ကို မြင်ရခြင်းက မော့လောင်တကို မကျေမနပ်ဖြစ်စေသည်။ သို့သော် ယင်ရှောင်ရှောင်း၏ ပျော်ရွှင်မှုနှင့် ယှဉ်လျှင် ဒါက ကြီးကြီးမားမားပြသာနာ မဟုတ်ပေ။

ယင်ရှောင်ရှောင်းသည် ကိတ်မုန့် ခုနစ်ခု ၊ ရှစ်ခုလောက် စားပြီး ဗိုက်မပြည့်မီ အားရပါးရ သမ်းလိုက်သည်။ ဆိုလိုသည်က သူအစာစားပြီးနောက် ယင်ရှောင်ရှောင်းက လဲလျောင်းပြီး အိပ်ခြင်းထက် ဘာကိုမှ မလိုချင်တော့ပေ။ ယင်ရှောင်ရှောင်း သူ့မျက်လုံးများမှ မျက်ရည်ကျသည်အထိ သမ်းလိုက်သည်ကို မြင်လိုက်ရသဖြင့် မော့လောင်တ ထမင်းစားနေသော ကျိုးဖုန်း နှင့် ဝမ့်ယန်ကျန်း ကိုပြောလိုက်သည်။

“အခု ရှောင်ရှောင်း နဲ့ ငါဒီမှာ တစ်ညလောက် အနားယူမယ်... ငါတို့မနက်ဖြန်ထွက်သွားမယ်..."

မော့လောင်တသည် နူးညံ့သိမ်မွေ့စွာ ပြောဆိုသော်လည်း မည်သူမျှ မငြင်းနိုင်လောက်အောင် အထက်စီးမှ ပြောဆိုခဲ့သည်။ မှန်သည်၊ ဒါသည် အမိန့်တစ်ခုဖြစ်သည်။ လူသားများသည် စွမ်းအားကြီးမားပြီး ပြင်ပကမ္ဘာကို လွှမ်းမိုးထားနိုင်သော်လည်း ဤနေရာတွင် လူသားများသည် အနိမ့်တကာ့အနိမ့်ဆုံးသူများဖြစ်သည်။ မော့လောင်တအတွက် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့သည် သနားစရာကောင်းနေပြီး ထို့ထက်ပင် မော့လောင်တသည် မြွေပွေးမျိုးနွယ်စုခေါင်းဆောင် ဖြစ်နေသေးသည်။ သို့သော် မော့လောင်တသည် သာမန်မြွေပွေးတစ်ကောင်ဖြစ်လျှင်ပင် ဤလူသားနှစ်ဦးအား အမိန့်ပေးခြင်းသည် သာမန်မျှသာရှိသေးသည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် ဤနေရာတွင် ဆက်နေလိုပါက ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့သည် ငြင်းဆန်ရန် အရည်အချင်းမရှိကြပေ။

[COMPLETED] သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now