epi -1 (Z+U)

391 12 5
                                    

လှပသော နံနက်ခင်းလေးတစ်ခုဝယ်............

နံနက်ခုနှစ်နာရီ ထိုးတော့မည်ဖြစ်သောကြောင့် အခန်းအတွင်း
တိုက်ခတ်နေသော လိုက်ကာများကြားမှ နေရောင်ခြည်များက
ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့်
့် ထိုးထွင်းဝင်ရောက်နေကြသည်။

စားပွဲပေါ်တွင်တင်ထားသော နှစ်ယောက်တွဲဓာတ်ပုံကလေးနဲ့
ပန်းအိုကလေးတစ်လုံး။ ‌ဘေးနားတွင်တော့ နှိုးစက်နာရီလေးတစ်လုံးရှိသည်။ ခုနှစ်နာရီထိုးဖို့ နှစ်မိနစ်အလို.........

အပြင်တွင် လူသူများလည်း သွားလာလှုပ်ရှားနေပြီ
ီ ဖြစ်သောကြောင့် ကားသံ၊လူသံများကလည်း
စတင်ဆူညံလျက်ရှိသည်။

ကုတင်ပေါ်တွင်တော့ မိန်းကလေးနှစ်ယောက်
် အိပ်မောကျနေကြသည်။ ရင်ခွင်ထဲမှာအိပ်နေသော
ကလေးမရယ်၊ ကလေးမကိုဖက်ပြီးအိပ်နေသော ခပ်ချောချော မိန်းမလှလေးရယ်။

ထိုစဉ် ..... ခုနှစ်နာရီထိုးပြီဖြစ်သောကြောင့် စားပွဲပေါ်မှ
့် နှိုးစက်သည်လည်း ထမြည်လေသည်။

နန်းဧကရီမေက မြည်နေသောနှိုးစက်ကို
မမှီတမှီယူပြီးပိတ်လိုက်သည်။

" အင်း...... ထပ်အိပ်ချင်သေးတယ်။"
တီးတိုးညည်းညူလိုက်သည်။

ဒါပေမဲ့ သူထပ်အိပ်လို့ မဖြစ်ပါ။ ထို့ကြောင့် ရင်ခွင်ထဲက
အကောင်ပေါက်ကို နှိုးလိုက်သည်။

"ကလေးရေ .....အူကြူး။ .... အူကြူးရေ ထတော့ မျက်နှာသစ်ရအောင်။"

အူကြူးခေါ် ကူးမြန်မာပန်ကတော့ အိပ်ယာမှမထဘဲ အင်း၊အဲ လုပ်ကာ ဟိုဘက်လှည့်ပြီး ပြန်အိပ်နေလိုက်သည်။ အူကြူးကို မနက်တိုင်းနှိုး၍ရသည့်ရက်ဟူ၍ မရှိသလောက်ရှားပါးသည်။
သို့သော်လည်း နှိုးရမည်ကတော့ သူ့တာဝန်ပင် မဟုတ်လား။

နန်းဧကရီမေက ကူးမြန်မာပန်ကို အူကြူးဆိုပြီး ချစ်စနိုးနဲ့ ခေါ်ပါသည်။ တခါတလေကျရင်‌လည်း ကလေးလေးတို့ ကူကူးတို့ စသည်ဖြင့်လည်း အလျင်းသင့်သလို ခေါ်တတ်သေးသည်။

ကူကူးကတော့ သူ့ကို မမလို့သာခေါ်ပါသည်။ အသက်အရွယ်က ဆယ့်နှစ်နှစ်တောင် ကွာခြားတာဆိုတော့ တခါတလေ
စိတ်မကြည်ရင် အဒေါ်ကြီးတို့ အဘွားကြီးတို့လည်း
ခေါ်တတ်သေးတာ။ ကူကူးက လူဆိုး။

Romantic IntervalWhere stories live. Discover now