ယနေ့က ကျောင်းပိတ်ရက်မို့လို့ ဧကရီကလည်း အလုပ်မသွားပဲ ကူကူးနဲ့ပဲ အိမ်မှာနေဖြစ်သည်။ ဧကရီအခန်းထဲက
အိပ်ယာပေါ်မှာ မှီရင်း စာဖတ်နေတုန်း ကူကူးက ငိုယိုပြီး
အခန်းထဲသို့ ဝင်လာသည်။ကူကူးက ငိုပြီး အခန်းထဲဝင်လာကာ သူ့ကိုယ်ပေါ်သို့တက်ပြီး ဖက်ကာ ငိုတော့သည်။ ဧကရီကလည်း အကြောင်းပြချက်မဲ့ ငိုနေတဲ့ကူကူးကို စိတ်ပူသွားသည်။
" ကူကူး..... ကလေး။ ကူကူး အူကြူးရေ ကလေးလေး... ဘာဖြစ်တာတုံး မမကိုပြောလေ။ နော် ...... ဘာဖြစ်လာတာတုံး။ မမကိုပြောလေ။"
ကူကူးကတော့ သူ့ရင်ခွင်ကို ပါးအပ်ကာ ငိုမြဲ ငိုဆဲပင်။ ငိုတာမှ ရှိုက်ကြီးတငင်ကိုငိုတာ။ ကူကူးအကြောင်းပြချက်မဲ့ ဒီလိုမျိုးငိုတာ တစ်ခါမှမရှိဖူးတော့ ပိုပြီးတော့စိတ်ပူသည်။
ကူကူးမျက်နှာကို ဆွဲကြည့်မယ်လုပ်တော့လည်း ကူကူးက
အကြည့်မခံဘဲ သူ့ရင်ခွင်ထဲမှာပုန်းပြီး သူ့ကိုလည်း
အတင်းဖက်ကာ ငိုယိုနေသည်။ဧကရီလည်း စိုးရိမ်မှုတွေ တဖြည်းဖြည်းမြင့်တက်လာပြီး
ကူကူးမျက်နှာကို အတင်းဆွဲမော့ကြည့်တော့မှ ကူကူးနှဖူးမှာ ညိုမဲဆွဲပြီး အနည်းငယ်လည်း ယောင်ချင်နေသည်။" ကူကူး..... ဒီဒဏ်ရာက ဘယ်ကနေဘယ်လိုရလာတာလဲ ပြော။ မမကို အမှန်အတိုင်းပြော....."
ကူကူးက ခေါင်းကိုသာ တွင်တွင်ရမ်းပြီး မမရတနာက ကူကူးကို မချစ်တော့ဘူဆိုတာကိုသာ ထပ်တလဲလဲ ပြောနေသည်။
ဧကရီလည်း သူ့စိတ်ကို အတတ်နိုင်ဆူံဆွဲဆန့်ပြီး သက်ပြင်းချကာ
" အူကြူး မမမေးနေတယ်လေ။ မမ အူကြူးကို မဆူဘူး။ မမကို အမှန်အတိုင်း ပြောပြနော်။ နော် လိမ်မာတယ်မလား
အူကြူးက မမက အူကြူကို မဆူဘူးလေ နော်....
အူကြူးလေးက လိမ်မာရဲ့သားနဲ့ ပြောပြနော်။ မမကို
ပြောပြနော်။
ဘာဖြစ်လာတာလဲ။"ဧကရီက ချော့မော့ပြီးမေးတော့မှ ကူကူးက ငိုနေရင်း
ရှိုက်သံဖြင့် တစ်လုံးချင်းဖြေသည်။" ဟီး ဟီး မမ ရ တ နာ က အွတ်... ကူကူးကို မ ချစ် တော့ဘူး။ ဟီး ဟီး .. မမက ကူ ကူးကို လှေ ခါး ပေါ် က နေ တွန်း ချ......"