မနန်းမြယဉ်မနန်းမြယဉ်တို့သည် ရှမ်းစော်ဘွားမျိုးနွယ်ဝင်များဖြစ်ကြ၍
အလွန်ချမ်းသာပြီး အာဏာရှိသော မျိုးနွယ်လည်းဖြစ်သည်။
မနန်းမြယဉ်တို့မိသားစုသည် ရှေးရိုးစွဲပြီး မျိုးနွယ်ဂုဏ်လည်း
အလွန်မောက်မာကြသည်။မျိုးရိုးဂုဏ်သိမ်ကိုလည်း
အလွန်တန်ဖိုးထား ထိန်းသိမ်းတတ်ကြသည်။တစ်နေ့ မနန်းမြယဉ်တို့ ပုဂံညောင်ဦးဘက် ဘုရားဖူးထွက်လာ
စဉ်တွင် ထိုနယ်တစ်ကျောတွင်
အလွန်ချမ်းသာ၍နာမည်ကြီးသော
သူဌေးသားလေး မောင်သော်တာဆိုသူနှင့်
ချစ်ကျွမ်းဝင်ကြသည်။မောင်သော်တာက ချမ်းသာပေမဲ့ အလွန်ဖော်ရွေပြီး
သဘောကောင်းသည်။ ရုပ်ရည်ချောမောသောကြောင့်လည်း
ပျိုမေများကြားတွင် နာမည်ကြီး၍ ရေပန်းစားသည်။မောင်သော်တာက နေ့စဉ် မနန်းမြယဉ်တို့ ဘုရားဖူးသွားလျှင်
အမြဲလှည်းမောင်း၍ လိုက်ပို့ပေးတတ်သည်။
ဘုရားမျိုးစုံကိုလည်း မနန်းမြယဉ်တို့ ဖူးရအောင် သူကိုယ်တိုင်
လှည်းမောင်း၍ပို့သည်။ မောင်သော်တာက
ပျော်ပျော်နေတတ်ပြီး တစ်ဘက်လူချစ်ခင်လာအောင်
စနောက်တတ်သော အမူအကျင့်များကြောင့်
ဘုရားဖူးထွက်လာကြသော မနန်းမြယဉ်တို့အဖွဲ့
တစ်ဖွဲ့လုံးကလည်း မောင်သော်တာကို
အလွန်ခင်မင်ကြသည်။မောင်သော်တာနဲ့ မနန်းမြယဉ်တို့ ချစ်ကျွမ်းဝင်ကြလေတော့
အားလုံးက ဝိုင်း၍ ဖုံးဖိထားကြသည်။ မနန်းမြယဉ်နဲ့
မောင်သော်တာတို့က ချိန်းတွေ့ပြီဆိုလျှင် အပင်ပေါ်မှာသာ
ချိန်းတွေ့ကြလေ့ရှိသည်။ အကြောင်းမှာ
လူမိသွားမည်စိုး၍ဖြစ်သည်။ထိုသို့ သစ်ပင်ပေါ်တွင
် ချိန်းတွေ့ခြင်းအမှုကို အကြံပြုသည်ကလည်း မနန်းမြယဉ်၏
အမျိုးများပင်ဖြစ်သည်။မနန်းမြယဉ်၏ မိခင်နှင်ဖခင်မှာ သူ့သမီးကို သူတို့နှင့်
တန်းတူ၊ အဆင့်အတန်းမျိုးရိုးတူသည့် အသိုင်းအဝိုင်းထဲမှ
အမျိုးသားတစ်ဦးနှင့် အရွယ်ရောက်လျှင် နေရာချထားဖို့
စီစဉ်ထားကြသည်။ ဒါကိုလည်း မနန်းမြယဉ်ကသိသည်။
သိပေမဲ့ ဒီလိုကိစ္စမျိုးက ထွေထွေထူးထူမဟုတ်သော
ကြောင့် ဘာတစ်ခုမှ ဝင်မပြောပေ။ အရွယ်ရောက်လျှင်
လတ်ဆတ်ရမည်က မိန်းကလေးတို့ရဲ့ သဘာဝပင်
မဟုတ်ပါလော။