အခုရက်ပိုင်းအတွင်း ကူကူးသူငယ်ချင်းတွေက နေ့တိုင်းအိမ်လာပြီး ဂိမ်းဆော့ကြသည်။ နွေရာသီကျောင်းပိတ်ရက်ဆို
တော့ လွပ်လပ်ရေးတွေ အပြည့်အဝ ရနေကြတာ။
ဧကရီလည်း အခုရက်ပိုင်းအတွင်း
အလုပ်တွေများနေတာကြောင့် ကူကူးလည်း
သူ့သူငယ်ချင်းတွေနဲ့အတူ လွတ်လပ်ရေးတွေရနေတာ။ညနေစောင်းတော့ ကူကူးသူငယ်ချင်းသုံးယောက်လည်း
ပြန်သွားကြသည်။ သူ့သူငယ်ချင်းတွေပြန်သွားတော့
ကူကူးက ဧကရီအလုပ်လုပ်နေတဲ့နေရာသို့လာပြီး
ဘေးကနေငုတ်တုတ်လေးလာထိုင်နေသည်။ကဧကရီက ကူကူးငြိမ်နေပါတယ်လို့ကြည့်လိုက်တော့
ကူကူးက မျက်လုံးတွေကို လက်ဖြင့် အတင်းပွတ်နေသည်။" ကူကူး မျက်လုံးကို အဲ့လိုကြီး မပွတ်ရဘူးလေ။
မျက်လုံးဆိုတာ နူးညံတယ်။ "ကူကူးရဲ့ မျက်လုံးကိုပွတ်နေတဲ့ လက်အစုံတို့ကို
ကိုင်လိုက်ပြီး မျက်လုံးကို ဆက်မပွတ်ဖို့ပြောသည်။" ယားလို့။ မျက်လုံးယားလို့။"
" ဟုတ်လား။ အင်းအင်း။ ပြီးရင် ပျောက်သွားမှာပါ။
ယားတာကို အာရုံမစိုက်နဲ့။"ဧကရီက ကူကူးကိုမကြည့်ဘဲ သူ့အလုပ်သူဆက်လုပ်ရင်း
ပြောလိုက်သည်။ ကူကူးက သူ့ကိုဧကရီက အာရုံမစိုက်မှန်းသိတော့ ဧကရီ့ခါးက အကျီစကိုဆွဲကာ" မမ .... မမလို့။"
" အင်း အင်း။ "
" ဟွန့်...... မမက ကူကူးကိုလည်း မချစ်တော့ဘူး။"
" ချစ်ပါတယ်။"
" မချစ်ပါဘူး။ .... ဒီမှာ ... ကူကူးလက်က နာနေတာ။
ကူကူးလက်နာနေတာလို့။"" အင်း အင်း။ အုံဖွ အုံဖွ။"
ဧကရီက အလုပ်လုပ်နေရင်း ကူကူးလက်ကို ဝတ်ကြေ
တမ်းကြေ အုံဖွလုပ်ပေးလိုက်သည်။ ကူကူးက ဧကရီသူ့ကို
အာရုံမစိုက်ဘဲ အလုပ်ပဲဆက်လုပ်နေတာကြောင့်
မကျေနပ်။" မမ ....... မမလို့......"
" ကူကူး ...... မမအလုပ်တွေ မပြီးသေးဘူးနော်။ လာမဂျီနဲ့။
ငြိမ်ငြိမ်နေ။"ကူကူးကလည်း အရမ်းဂျီကျတဲ့ လူဆိုးဆိုတော့
သူ့ကိုဂရုမစိုက်လို့ ဧကရီ့ကို ထုရိုက်ပါလေရော။
ဧကရီလည်း အလုပ်လုပ်နေတာကိုရပ်ပြီး ကူကူးလက်တွေကို
ချုပ်ထားလိုက်သည်။