ဧကရီ မြန်မာနိုင်ငံကို ခြေချလိုက်တာတဲ့ ချက်ချင်းကူကူး
တက်နေတဲ့ ဆေးရုံသို့ပြေးရသည်။ဆေးရုံမှာ club မန်နေဂျာရော၊ သူအကူအညီလှမ်းတောင်းထားတဲ့
သူ့သူငယ်ချင်းတွေကော၊ ပြီးတော့
ကူကူးသူငယ်ချင်းသုံးယောက်ကော ရှိနေကြသည်။လူတွေများလွန်းလို့ အလှူမဏ္ဌပ်လားလို့တောင်
ထင်ရနိုင်ချေရှိသည်။သူ့ကိုမြင်တာနဲ့ သူ့သူငယ်ချင်းတွေက
မတ်တပ်ထရပ်လိုက်ပြီး မန်နေဂျာ ကိုစည်သူက သူ့နားအပြေးအလွှာနဲ့ ရောက်လာသည်။"ကူကူးရဲ့ အခြေအနေက ဘယ်လိုနေသေးလဲ။"
" အခု အရေးပေါ်ခန်းမှာပါဗျ"" ဘာ...."
ဧကရီက ကိုစည်သူကို စူးစူးဝါးဝါး ကြည့်ပစ်လိုက်တော့
ကိုစည်သူက ခေါင်းလေးငုံ့သွားသည်။
သူ့ဒေါသကိုသိတဲ့ သူငယ်ချင်းတွေကတော့ သူ့ကို ဘေးနားကနေ ဝိုင်းပြီးထိန်းပေးကြသည်။" ဧကရီ စိတ်လျှော့...."
" မလျှော့နိုင်ဘူး။ ကူကူဒီလောက်ဖြစ်နေတာကို ငါက
စိတ်လျှော့ထားရအုံးမှာလား ဟမ်......"" အေးပါဟယ် ....... ငါတို့လည်း နင့်ကိုနားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို အကောင်းဆုံး ဖြစ်အောင်ပဲ
ကြိုးစာကြတာပေါ့။"" ဟုတ်တယ် ဧကရီ ကူကူးကလည်း နင်ဒီလိုပုံစံမျိုးဖြစ်နေတာကို မြင်ချင်မှာမဟုတ်ဘူး။ ကူကူးက နင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ နင်လည်းသိရက်သားနဲ့။"
" ငါ .... ငါ......"
စိတ်ကို တင်းထားရငင်းနှင့်ပင် ကျလာသည့် မျက်ရည်တွေ။
အပြင်ပိုင်းက ဟန်ဆောင်နေပေမဲ့ နှလုံးသားကိုတော့
ဟန်ဆောင်လို့ မရဘူးထင်ပါရဲ့။ဧကရီ့သူငယ်ချင်းတွေလည်း ဧကရီမျက်ရည်ကျတာကို
ပထမဆုံးမြင်လိုက်ကြ၍ အံ့သြစွာကြည့်နေကြသည်။
တစ်ဆက်တည်းမှာပဲ သနားစိတ်တို့လည်း ပိုလာရသည်။ဧကရီဆိုတာက အမြဲခပ်တည်တည်မဟုတ်ရင်တောင် တည်တည်တံတံ့ နေသည့် မိန်းကလေးတစ်ယောက်ပင်။ ပြီးတော့
လိုအပ်မှသာ စကားပြောသည့်လူမျိုး။ အလုပ်ကြိုးစားပြီး
အမြဲလှပကျော့ရှင်းနေသည့် အမျိုးသမီးတစ်ဦး။