ကူကူးမျောက်ကိုက်ခံရတယ်ဆိုလို့ ဧကရီတစ်ယောက်
တွေ့ရာဆိုင်ကယ်ကောက်စီးပြီး စတော်ဘယ်ရီခင်းထဲကို
လိုက်လာခဲ့သည်။ စတော်ဘယ်ရီခင်းထဲရောက်တော့
ကူကူးတို့က မသီတာတို့နဲ့ ချောင်းစပ်ကို သွားကြတယ်ဆိုလို့
ချောင်းစပ်ကို ဆိုင်ကယ်နဲ့ အပြေးနှင်ရသေးတယ်။ချောင်းစပ်ရောက်တော့ လူမမြင်ရသေးဘူး။ အာပြဲကြီးနဲ့အော်ငိုနေတဲ့ ကူကူးအသံကို အရင်ကြားရတာပဲ။ ဆိုင်ကယ်ကိုရပ်လိုက်ပြီး ထောက်ထောက်ကာ အသံရှိရာသို့
လိုက်ရှာလိုက်သည်။ တွေ့ပါပြီ .... ကူကူးကို။ကူကူးက မြေကြီးပေါ်တွင် ခြေဆင်းထိုင်ကာ
ဘေးမှာတော့ မသီတာတို့ ကောင်မလေးတစ်စုက
ကူကူးကို ဝိုင်းချော့နေသည်။ ဖိုးကတော့
့ ကူကူးကိုဆေးထည့်ပေးဖို့ ပြင်နေပေမဲ့ ကူကူးက
အတင်းရုန်းနေလို့ ဘယ်လိုမှ ဆေးထည့်ပေးလို့မရ
ဖြစ်နေသည်။ဖိုးက ဧကရီ့ကိုမြင်သည်နှင့် စိတ်ပျက်နေသည့်မျက်နှာကနေ
ချက်ချင်းဝင်းလက်သွားပြီး ဧကရီ့ကို လှမ်းခေါ်လိုက်သည်။" မြေး .... ဖိုးတို့က ဒီမှာ....."
ဖိုးက လက်ပြပြီးခေါ်တော့ ကူကူးနားဝိုင်းနေသည့်
ကောင်မလေးတစ်စုက ဧကရီ့ကို လှည့်ကြည့်ကြသည်။
ကူကူးကလည်း ငိုနေရင်း လှမ်းကြည့်သည်။
ဧကရီက ကူကူးနားသို့ အမြန်ပြေးသွားလိုက်ပြီး
ကူကူးကိုချော့လိုက်သည်။" ဘာမှမဖြစ်တော့ဘူးနော်။ ကူကူး ဘာမှမဖြစ်တော့ဘူး။
မမရောက်လာပြီလေ။ ... တအားမငိုနဲ့ နှာခေါင်းတွေနီနေပြီ။
တိတ်တော့ လိမ္မာတယ် နော်။"ကူကူးက ဧကရီ့ကိုဖက်ကာ ပိုငိုလေသည်။
ကိုယ်ချစ်တဲ့သူရှေ့ရောက်တော့ ပိုပြီးဂရုစိုက်ခံချင်တာ
သဘာဝပဲမဟုတ်လား။ကူကူးငိုချက်ကတော့ နှဖူးမှာတောင် ချွေးလေးတွေစို့နေပြီ
ဖြစ်သည်။ဧကရီကပဲ စိတ်ရှည်လက်ရှည် ချော့မော့ပြီး
ဆေးထည့်ပေးရသည်။" ရတယ်ဖိုး ...... သမီးပဲကူကူးကို
ဆေးထည့်ပေးလိုက်မယ်။"" ဖြစ်ရဲ့လားမြေးရယ်။...."
" ရပါတယ်။ ကူကူးကို သမီးပဲ ဆေးထည့်ပေးလိုက်ပါ့မယ်။"
ဖိုးက သူ့လက်ထဲက ဆေးဘူးကို ဧကရီ့လက်ထဲ
ကမ်းပေးလိုက်သည်။