epi-16(Z+U)

70 9 0
                                    


ရွာတွင် နေ့တိုင်း ခြံထဲလိုက်ကစားလိုက်၊ ဧကရီ့ကိုရစ်လိုက်
ခြံထဲတွင် ပြသနာမျိုးစုံ ရှာလိုက်ဖြင့် နွေရာသီသုံးလဟူသော
အချိန်ပင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မနက်ဖြန်တွင်
ဧကရီနဲ့ကူကူးတို့မြန်မာပြည်သို့ ပြန်ကြရမည်ဖြစ်သည်။

မပြန်ခင် ကူကူးက သူစုထားတဲ့မုန့်ဖိုးတွေနဲ့ လူကြီးတွေကို
ကန်တော့ခဲ့သေးသည်။ ကူကူး၏ သိတတ်မှုကြောင့်
လူကြီးတွေကလည်း ကူကူးကို တစ်ယောက်တ်မျိုး
ဆုတွေပေးကြသည်။ မုန့်ဖိုးတွေလည်း ပေးကြသည်။

" ကူကူးမယူချင်ဘူး။ "

" ယူလိုက်ပါ ငါ့မြေးရယ်။ ဘွားတို့ကလည်း ငါ့မြေး
ကူကူးလေးကို ချစ်လို့ပေးတာ ယူရတယ်မြေးရဲ့။"

" ဟုတ်သားပဲ။ ကူကူးလေးကိုယချစ်လို့ပေးတာ
ယူလိုက် ယူလိုက်။ "

ဒေါ်ဒေဝီက ဝင်ပြောတော့ မယူမကောင်းတာနဲ့
ဘွားနဲ့ဖိုးပေးတဲ့ မုန့်ဖိုးတွေကို ယူထားလိုက်ရသည်။
နောက်ပြီး ဦးကြီးနဲ့ တီငယ်ကလည်း ကူကူးကို မုန့်ဖိုးတွေ
ပေးသေးတာ။

အိမ်ပြန်မယ်ဆိုတော့ ခြံထဲကထွက်တဲ့ အသီးအနှံတွေ
ထည့်ပေးလိုက်တာဆိုတာ ကားအပြည့်ပဲ။
ခြံထွက်တွေဆိုတော့ လတ်လတ်ဆတ်ဆတ် ရှိတယ်တဲ့။
မြို့ကရောင်းတဲ့  အသီးတွေနဲ့ မတူဘူးတဲ့။

ခြံထဲက ကလေးမတွေကလည်း ဧကရီနဲ့ကူကူးကို ပြန်ခါနီး
လာနှုတ်ဆက်ကြသည်။ ဘုတ်ဆုံမဆိုသည့် ကလေးမကော
ပါလေသည်။ သို့သော် ကူကူးကတော့ ထိုကလေးမကို
မတည့်၍ မျက်စောင်းတစ်ချက်ထိုးကာ နောက်ထပ်လှည့်
မကြည့်တော့ပေ။ဖိုးနဲ့ဘွားကတော့ ပြန်ခါနီး မျက်ရည်လေးတွေ ဝဲနေရှာသည်။ ဧကရီကလည်း ကူကူးစာမေးပွဲပြီးရင်
ရွာကို အလည်လာမည်ဖြစ်ကြောင်း ကတိတွေ
အထပ်ထပ်ပေးနေသည်။

သို့နှင့် ဧကရီနဲ့ကူကူးလည်း ရွာကမိသားစုလေးကို
နှုတ်ဆက်၍ မြန်မာပြည်သို့ ခရီးဆက်ခဲ့ကြသည်။

ကူကူးကတော့ ဟိုကလေးမကို ပြန်ခါနီး တရေးတယူလုပ်၍
ဆက်ဆံနေသော ဧကရီ့ကို တစ်လမ်းလုံးစိတ်ကောက်လို့
အားမရတော့ အိမ်ပြန်ရောက်သည်အထိ
ကောက်တေးလုပ်နေသည်။ ဧကရီလည်း
အိမ်ပြန်ရောက်ရောက်ချင်း  ကူကူးကိုမချော့အားသေး။

Romantic IntervalWhere stories live. Discover now