epi_2(Z+U)

128 8 0
                                    


အိမ်ပြန်ရောက်တော့လည်း ကူကူးက ဂျစ်ကန်ကန်လုပ်နေတာမို့ အိပ်ခန်းထဲထိ အတင်းပွေ့ချီကာ မွေ့ယာပေါ်တွင်
ပစ်ချလိုက်သည်။ သူပွေ့လာတာတောင် အဆိုးလေးက
ဂျစ်တိုက်ပြီး ကော့လန်ထိုးကာ သူ့‌ရင်ဘက်တွေကိုလည်း
တဘုန်းဘုန်းနဲ့ထုနေသေးသည်။

မွေ့ယာပေါ်ပစ်ချလိုက်တော့ နာသွားသည်ထင်ပါရဲ့။
အင့်ခနဲဖြစ်သွားပြီး တစ်ချက်မဲ့သွားသည်။ ပြီးတော့ သူ့ကို
စိတ်တိုတဲ့အကြည့်နဲ့ကြည့်လာသည်။

" မမဘာဖြစ်လို့ ကူကူးသူငယ်ချင်းတွေကို ဒီအတိုင်းထားပစ်ခဲ့ရတာတုံး။"

" ဒီအတိုင်းမထားပါဘူး။ သူတို့မိဘတွေကို
ခေါ်ပေးခဲ့တယ်လေ။ "

" မမ...."

ကူကူးက သူ့အား သံကုန်ခြစ်ပြီးအော်လိုက်တော့ ဧကရီလည်း ကူကူးကို စိုက်ကြည့်ပေးလိုက်သည်။ အလိုလိုက်ထားလို့
တော်တော်ပျစ်စီးနေတာပဲ။

ကူကူးကလည်း ဧကရီ့ကို စိုက်ကြည့်ပြီး ဒေါသထွက်နေသည်။ ဧကရီက မွေ့ယာထောင့်စွန်းမှာ ဝင်ထိုက်လိုက်တော့ ကူကူးက ဟီးခနဲငိုချပြီး သူ့ရင်ဘက်တွေကို တဘုန်းဘုန်းနဲ့ လာထုတော့သည်။

" ဟီး..... ဘာလို့လဲ။ ဟီး..... ဘာ ဘာလို့ မိဘတွေခေါ်ပြီး တိုင်ရတာလဲ။ သူငယ်ချင်းတွေက ကူကူးကို စိတ်ဆိုးတော့မှာ......ဟီး......"

သူ့ရင်ဘက်ကို ထုရိုက်နေတဲ့ ကူကူးရဲ့လက်တွေကို
ဖမ်းချုပ်ထားလိုက်သည်။ ဒီကလေး ဆိုးချင်တိုင်းဆိုးနေတာ။ တကယ်ဆို ဧကရီက ဒေါသထွက်ရမှာမဟုတ်လား။ ခုတော့ ကူကူးက သူလည်းအမှားလုပ်ထားသေးတယ်။
သူကလည်းအရင် စိတ်ဆိုးဒေါသထွက်ပြတယ်။တကယ့် လူဆိုးပေါက်စပုံ ပေါက်နေပြီ။

" တော်တော့ ကူကူး။......"

" မတော်ဘူး။ လွှတ်  ကူကူးလက်ကို လွှတ်လို့။"

" ကူကူး ..... အူကြူးရာ .... နဲနဲလောက်ဖြစ်ဖြစ်
လိမ္မာပေးလို့မရဘူးလား။ ဟမ်....."

" ဘယ်သူကလည်း ဆိုးနေလို့လဲ။ မမပဲ ဆိုးနေတာလေ။ မမက လူဆိုး ။ သူများကိုလာပြီး လူဆိုးပုံစံနဲ့လာပြောမနေနဲ့။
မမကမှ ကူကူးနဲ့ ကူကူးသူငယ်ချင်းတွေက
ို စိတ်ဆိုးအောင်လုပ်တဲ့လူဆိုး။ မမကို မချစ်ဘူး။ "

Romantic IntervalWhere stories live. Discover now