epi-19(Z+U)

158 9 2
                                    


သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် သုံးယောက်သားစကား
ပြောနေတာကိုကြားပြီး ဧကက သူ့ကိုကြိုက်နေသည့်
အကြောင်းကို ရှိုင်းပျို့သွင် သိရှိခဲ့ရသည်။  ဧကက
အစပိုင်းတွင် သူ့ကို ရှက်သလိုလို  ရှောင်နေသေးသည်။
နှစ်ရက်သုံးရက်လောက် ကြာပြီးသည့်နောက်တွင်တော့
သူ့ကို စတင်ပိုးပန်းလေတော့သည်။ ရိသဲ့သဲ့စကားများလည်း
နေရာမရှောင် လူသူမရှောင် ပြောထွက်လာသည်။

တခါတလေ ဧကတစ်ယောက် ရူးနှမ်းများသွားပြီလားလို့
ထင်ရသည်အထိ မျက်ခွက်ပြောင်လာသည်။
ရှိုင်းပျို့သွင်လည်း ဧကစိတ်ကို မခန့်မှန်းတတ်တော့ပေ။

" ဧက ဘာလို့ငါ့နောက်ကနေ တကောက်ကောက်လိုက်နေတာလဲ။ ဘေးကနေယှဉ်သွားတော့ မင်းကိုကျားကိုက်မှာ
မို့လို့လား။"

" မဟုတ်ပါဘူးကွာ။ မင်းနောက်စေ့လေးနဲ့ မင်းကျောလေးကို
အလွတ်ရအောင်ကျတ်နေတာပါ။"

" သောက်ရူးထမနေနဲ့။ ဘောပဲဟျောင် ........"

" သဲလေးကလည်း ဘာလို့ဆဲတာလဲ။"

" မင်းဂျီးတော်ကို သဲလေးပါ့လား။ဟျောင် ........ မင်း
မျက်နှာပြောင်နေတာရပ်လိုက်တော့ မဟုတ်ရင်
ငါဆွဲထိုးမိတော့မှာနော်။"

" ဘာနဲ့လဲ နှာခေါင်းနဲ့လား။"

" ဘောပဲဟျောင်ရေ ဘောပဲ။"

ပြောရင်း ရှိုင်းပျို့သွင်တစ်ယောက် သန့်စင်ခန်းထဲသို့
ဝင်သွားလေသည်။

" ဘာလဲ ........ toilet ထဲထိ လိုက်ဝင်ချင်လို့လား။"

" မင်းဆန္ဒရှိရင်ပေါ့။"

" မင်းမေဂျီးတော်ပဲ ဟျောင်ရေ ....."

ဧကကို တွန်းထုတ်လိုက်ပြီး တံခါးကို
ဂျိမ်းခနဲပိတ်လိုက်သည်။

ထို့နောက် စာသင်ခန်းထဲတွင်လည်း ဧကတစ်ယောက် အငြိမ်မနေဘဲ ရှိုင်းပျို့သွင်ဆံပင်တွေကို လိုက်ဆော့နေသည်။

" ဟျောင် ...... ဒီမှာ စာလုပ်နေတာမမြင်ဘူးလား။
ကန်းနေလား။"

" မြင်ပါတယ်ကွာ...... ငါကူတွက်ပေးရအုံးမလား။"

ရှိုင်းပျို့သွင်က သူ့ကိုနှောင့်ယှက်နေတာ နဲနဲမှသက်သာသက်သာဆိုပြီး အလုပ်ပေးလိုက်သည်။

Romantic IntervalWhere stories live. Discover now