ဧကတစ်ယောက် ရေမိုးချိုးပြီး ရှိုင်းပျို့သွင်ကို မုန့်သွားစားရန်
ဆိုင်ကယ်ဖြင့် ဝင်ခေါ်ရသည်။" ရှိုင်းပျို့သွင် .... ဟျောင် .... မြန်မြန်လာကွ။ ခြူးက
ဝက်သားတုတ်ထိုးဆိုင်မှာ ရောက်နှင့်နေပြီတဲ့။"" လာနေပြီ။ ခနပဲ။"
ရှိုင်းပျို့သွင်က အိမ်ထဲမှ ပြေးလာပြီး ခြံတံခါးကို
သေချာပိတ်လိုက်သည်။ ပြီးတော့ သူ့အကျီကို ဆွဲချကာ
ဆံပင်ကေကို တစ်ချက်ပြင်လိုက်သည်။ဧကက ရှိုင်းပျို့သွင်
ပုံစံကို အမြင်ကတ်ကတ်နဲ့ကြည့်လိုက်ပြီး မျက်နှာမဲ့ကာ" မင်းကြည့်ရတာကလည်း လူပျိုလှည့်ထွက်မှာ ကျနေတာပဲ။
ပြင်ထားဆင်ထားလိုက်တာဆိုတာကလည်း။"" ဟျောင် .... ဧက မင်းသောက်ပိုတွေလာပြောမနေနဲ့။
မင်း .... ငါချောတာကို မနာလိုဖြစ်နေတာမလား။ ဟဲ ဟဲ"ဧကက စိတ်လေလိုက်တာဆိုတဲ့ပုံစံနဲ့ မျက်လုံးလန်သလို
ပုံစံလုပ်လိုက်သည်။ ထို့နောက် ရှိုင်းပျို့သွင်ကို သေချာကြည့်လိုက်ပြီး" ဒီမှာဟျောင် ....... ငါကမင်းကို ဘာမှမနာလိုဖြစ်စရာ
အကြောင်းမရှိဘူး။ မင်းသိလား မင်းလိုမျိုးပဲများတဲ့
ဲ့ကောင်တွေက ကြီးလာရင် fa ဖြစ်ကြတာကွ။ အဲ့လောက်ကြီးထိလည်း ပဲတွေသိပ်များမနေနဲ့။ တော်ကြာ ကြီးလာရင်
ငှက်ပျောတုံးဖက်သေနေရမယ်။"" မိုက်ရိုင်လိုက်တဲ့ကောင်။ ဘယ်ဥက ပေါက်လာမှန်းမသိဘူး။"
" ဘယ်ဥက ပေါက်တာလဲဆိုတော့ ဟိုဥက
ပေါက်လာတာလေ။"" ဟျောင် ...... စကားကိုသေချာရှင်းအောင်ပြော။
မမိုက်ရိုင်းနဲ့။"ဧကက ရှိုင်းပျို့သွင်ရန်ထောင်တာကို သဘောကျကာ
ရယ်လိုက်သည်။ပြီးတော့မှ မျက်နှာပိုးသတ်ကာ" သြော် ... ဟဲ ဟဲ .... လူပါဆိုနေမှ လူဥကနေ
ပေါက်တာပေါ့ကွ။မင်းကလည်း လာစားနေပြန်ပါပြီ။
ဟျောင် ငေးမနေနဲ့ ဆိုင်ကယ်ပေါ်တက်တော့။
မယ်တော်ခြူးက ကြာလို့ဆိုပြီး ပွားနေလိမ့်မယ်။"" အေးပါ။"
နှစ်ယောက်သား ဆိုင်ကယ်လေးစီးပြီး
ဝက်သားတုတ်ထိုးဆိုင်ကို ထွက်ခဲ့လေသည်။
ဝက်သားတုတ်ထိုးဆိုင်ရောက်တော့ ခြူးက ဝက်သားတုတ်ထိုးတောင် စားနှင့်နေပြီ။ ဒါနဲ့ သူတို့နှစ်ယောက်လည်း
ဆိုင်ကယ်ပေါ်မှဆင်းကာ ခြူးဘေးနားက ခုံအလွတ်မှာ
ဝင်ထိုင်လိုက်ကြသည်။