ကူကူးကိုဒီနေ့ ဧကရီ့ hotel ကိုခေါ်သွားဖြစ်တယ်။
ဧကရီ့ ရုံးခန်းထဲမှာ ကူကူးနဲ့ဧကရီ နှစ်ယောက်တည်းသာ
ရှိသည်။ ကူကူးကတော့ ထုံးစံအတိုင်း ဆိုဖာပေါ်မှာထိုင်ပြီး
ဂိမ်းဆော့နေသည်။ ဧကရီကတော့ စားပွဲတွင်ထိုင်၍
စာရင်းတွေစစ်ပြီး လက်မှတ်ထိုးနေရသည်။ဧကရီ အလုပ်လုပ်နေရင်း ကူကူးကိုတစ်ချက်ကြည့်
လိုက်သည်။ ဂိမ်းဆော့ရတော့ ငြိမ်နေတာပဲ။
ဘာသံမှကို မကြားရဘူး။မဟုတ်ရင် ဧကရီ့နောက်က တကောက်ကောက်လိုက်ပြီး
ဂျီကျနေအုံးမှာ။အခုလို ဖုန်းပေးထားလိုက်တော့ သူ့ဘာသာသူ ဂိမ်းဆော့ပြီး ငြိမ်နေတာပဲ။ကူကူးအခုရက်ပိုင်းအတွင်း ကျောင်းပိတ်ထားတာကော။
ဧကရီအလုပ်ရှုပ်နေတာကောကြောင့် ဂိမ်းကို
တစ်နေကုန်ဆော့တာ။ ဧကရီကလည်း အခုရက်ပိုင်းအတွင်း
အလုပ်တွေက တအားများတာဆိုတော့ ကူကူးငြိမ်ရင် ပြီးတာပဲဆိုပြီး လွှတ်ထားလိုက်သည်။မဟုတ်ရင် ကူကူးက တအားဂျီကျတာ မို့လို့။" ကူကူး အခန်းထဲမှာပဲ နေခဲ့နော်။ ဘယ်မှမသွားနဲ့ကြားလား။"
ကူကူးက ဂိမ်းဆော့နေရင်း တစ်ချက်သာလှမ်းကြည့်ပြီး
သူ့ဂိမ်းသူ ပြန်ဆော့နေရင်းနဲ့" မမက ဘယ်သွားမလို့လဲ။"
ဧကရီ့ကို မကြည့်ဘဲ မေးလိုက်သည်။
" ဘယ်မှမသွားဘူး။ အပြင်မှာရှိတယ်။
တစ်ခုခုဆိုရင် မနှင်းတို့ကို ခေါ်လိုက်နော် ကြားလား။"မနှင်းဆိုသည်မှာ ဒီhotel မှာ လုပ်သက်အကြာဆုံး
ဝန်ထမ်းအစ်မကြီးကိုပြောတာဖြစ်သည်။ hotel အတွက်
တစ်ခုခုဆိုရင် သူက အားအကိုးရဆုံးပဲ။" အင်း အင်း။ခေါ်လိုက်မယ်။"
ကူကူးက ဧကရီမေးတာကို ဂိမ်းဆော့ရင်း ပြန်ဖြေလိုက်
သည်။ကူကူးက ဂိမ်းဆော့နေရင် တခြားဘာကိုမှ
အာရုံရတာမဟုတ်ဘူး။ဂိမ်းဆော့သလိုသာစာလုပ်ရင် ကူကူးတစ်ယောက်တော့
တစ်ရဲ့ရှေ့က တုံး။ ဝမ်းရဲ့ရှေ့က ဝုန်းတွေတော့
ရကုန်တော့မှာ။ အခုတော့ အဆင့်ထွက်လာရင် ဘိတ်ချေး။
နောက်ဆုံးက ရေရင်တော့ တစ်ပေါ့။