epi -7(Z+U)

99 6 0
                                    


ကူကူးဆေးရုံတက်နေတဲ့တစ်လျှောက်လုံး ဧကရီ
အတော်လေး
ပင်ပန်းခဲ့ပါသည်။ ကူကူးက ဆေးရုံတက်ပြီးတဲ့နောက်ပိုင်း
နေမကောင်းလို့လားတော့မသိ သိသိသာသာလေး
ငြိမ်ကျသွားသည်။သိသိသာသာ ငြိမ်ကျသွားပေမဲ့
သူ့ကိုတော့ အရင်ကထက် ပိုဂျီကျပြီး ပိုချွဲလာသည်။

ဧကရီ့စကားဆိုရင်လည်း အခုတလော နားထောင်လာတယ်။
ကူကူးလည်း ထိုကိစ္စကြီးဖြစ်ပြီးတော့ တော်တော်လေး
လူကြောက်သွားသည်။

အရင်ကဆိုရင် ဟိုသွားချင်တယ်၊ သည်သွားချင်တယ်
အမြဲပြောပြီး လိုက်ပို့ခိုင်းတတ်သည့်ကလေးက အခုတော့
အပြင်သွာချင်တယ်လို့ပြောသံကို မကြားတော့ချေ။

ကူကူးကြီးတဲ့အထိ လူကြောက်တတ်တဲ့အကျင့် ပါသွားလို့
တော့မဖြစ်ဘူး။ အခုလောလောဆယ်တော့ ကူကုးမေ့မေ့
ပျောက်ပျောက်ဖြစ်တဲ့အထိ စောင့်ပြီးမှ တဖြည်းဖြည်းချင်း
ပြင်ပေးရမယ်။

" ကူကူးရေ ..... ကူကူး...."

ဟော...... အောက်က ခေါ်သံကြားတယ်။ ကြည့်ရတာ
ဟိုသုံးကောင် ရောက်လာပြီထင်တယ်။

" မမ ဟိုကောင်တွေ ရောက်နေပြီထင်တယ်။
တံခါးသွားဖွင့် ပေးလိုက်အုံးမယ်။"

ဆိုဖာမှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ မမက
ကူကူးကို လှမ်းကြည့်ပြီး

" သွားလေ။ မမ စားဖို့ ပြင်ထားပေးမယ်။"

" အင်း။"

ဧကရီက အခုရက်ပိုင်းအတွင်း အလုပ်မသွားဘဲ အိမ်ကနေပဲ
အလုပ်လုပ်ရသည်။ ကူကူးကို အလုပ်ထဲခေါ်သွားဖို့က
လည်း အဆင်မပြေတာမို့လို့။

ကူကူ မမကိုပြောပြီး ဟိုသုံးကောင်ကို
တံခါးသွားဖွင့်ပေးရသည်။

" လာလေ။ "

" အေး။"

" ဒါနဲ့ .... နင်တို့လက်ထဲက ဘာတွေလဲ။ ငါ့အတွက် မုန့်တွေ
ဘာတွေများ ဝယ်လာတာလား။"

" ဟုတ်ပ။ ငါတို့အမေတွေက နင့်အတွက်ဆိုပြီး
ထည့်ပေးလိုက်တာ။"

" ဟုတ်လား။"

" ဟုတ်ပ။ ဟုတ်ပ။"

" အားနာစရာကြီး..... ပေးပေး။ ဟဲ ဟဲ..."

Romantic IntervalWhere stories live. Discover now