ကျောင်းပိတ်ရက်တွင် ဧကက ပြောစရာရှိတယ်ဆိုပြီး
ကူကူးရယ်၊ ခြူးရယ်ကို vc ခေါ်လိုက်သည်။သို့သော်
ရှိုင်းပျို့သွင်တော့မပါ။ကူကူး - ဘာပြောမလို့လဲ ဧက။ ခိုးကြောင်ခိုးဝှက်စတိုင်နဲ့။
ခြူး- အေးလေ။ vc ပြောတာကိုများ ရှိုင်းပျို့သွင်မသိစေနဲ့တဲ့။
ဧက - ဟို .... ဟိုလေ။ ငါနင်တို့နဲ့ တိုင်ပင်စရာရှိလို့ သိလား။
ခြူး - အမလေးဟဲ့။ ကြီးကြီးကျယ်ကျယ်။
ဒီလောက်စကားပလ္လင်ခံနေရင် သိပ်မဟုတ်ချင်တော့ဘူး။ဧကက ပြောမည့်စကားကို မပြောဘဲ
ရှက်သလိုပမူအရာလုပ်၍ အနည်းငယ် မူနေသေးသည်။ကူကူး- ဟိုကောင် ပြောမှာလား မပြောဘူးလား။ မပြောဘူးဆို
ငါ out တော့မယ်။ မမက စာလုပ်ဖို့ခေါ်နေပြီ။ကူကူးက မျက်မှန်ကိုပင့်ရင်း ပြောလိုက်သည်။ ထိုတော့မှ ဧကလည်း
ဧက - ပြောမှာပါဟာ။ နင်တို့ကလည်း စိတ်ချည်းပဲ။
ခြူး- သောက်ရစ်ကလည်း ရှည်တာကို။ ပြောစရာရှိတာ
မြန်မြန်မပြောဘူး။ ပြောမြန်မြန် ငါစာလုပ်ရအုံးမှာ။ဧက - ဟိုလေ။ ငါ ..... ငါ .... ရှိုင်းပျို့သွင်ကို လိုက်မလို့။
ဧက၏ ပြုန်းစားကြီပြောလိုက်သောစကားကြောင့် ခြူးနဲ့ကူကူးတို့ နှစ်ကောင်သား ကြောင်သွားကြသည်။
" အမ်.."
" အမ်..."
ဧက - အဲ့တာ။ .... ငါနင်တို့ကို အကူအညီတောင်းမလို့။
ခြူး - ဘာကိုလဲ။
ဧက - သူကိုပိုးမလို့လေ။
ကူကူး - သူငယ်ချင်းအချင်းချင်း ကြိုက်လို့ရတယ်လား။
ဧက - ရတာပေါ့။ သူငယ်ချင်းလည်း နှလုံးသားနဲ့ပဲကို။
ခြူး - စကားတွေ အတော်တတ်နေလိုက်။
ဧက - ဒီလိုပဲပေါ့။ အချစ်နဲ့တွေ့တော့ နှလုံးသားထဲက
စကားတွေက လျှံထွက်လာတာလေ။ ဟဲ ဟဲ...ခြူး - နပြာကြီး အောက်သွားမရှိတဲ့အတိုင်း ဖြီးမနေနဲ့။
ကူကူးက ခြူးစကားကြောင့် ထရယ်သည်။ ဧကကတော့
မျက်နှာကြီးမဲသွားသည်။