မနက်အိပ်ရာထလို့ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ soo ခေါင်းထဲမှာ အလုပ်တွေပဲ တန်းစီရောက်လာတော့တာပါပဲ
အခုလဲ ရေချိုးအဝတ်စားလဲပြီး project အသစ်ထုတ်ဖို့အတွက် company သွားဖို့ ပြင်ဆင်နေရသည်။
အချိန်တွေကြာခဲ့ပေမဲ့ အတိတ်က ဒဏ်ရာအချို့ကြောင့် Soo ရဲ့ စိတ်တွေကို အလုပ်ထဲမှာပဲ နှစ်ထားခဲ့တာ တော်တော်ကြာခဲ့ပြီလေ။
Soo အတွေးစကို ဖြတ်ပြီး အိမ်အောက်သို့ ဆင်းလာခဲ့လိုက်သည်။" Soo သမီး မနက်စာ စားသွားအုံးလေ"
" တော်ပီ မာမီ Soo ရုံးရောက်မှပဲ စားတော့မယ်။ အလုပ်လေးတွေက အရေးကြီးနေလို့နော် မာမီ"
မာမီ ထပ်ပြီး စားခိုင်းနေမာ စိုးလို့ မာမီ့ကို ဖက်ပြီး ပြောရသေးသည်
" အင်း အာ့တာဆိုလဲ စားဖြစ်အောင် စားနော်
သမီး ကျန်းမာရေးလဲ ဂရုစိုက်အုံးနော်"" ဟုတ် မာမီ အာ့ဆို သွားပီနော် မာမီ Bye Bye"
Soo လဲ မာမီ့ကို နှုတ်ဆက်ပြီး company ကို ကိုယ်တိုင်ကားမောင်းပြီးထွက်လာခဲ့လိုက်သည်။
At Kim Company
" Morning, CEO Soo"
"Irene ရယ် CEO တွေ ဘာတွေ လာလုပ်မနေပါနဲ့ project အသစ် အခြေအနေဘယ်လိုနေလဲ အဆင်ပြေလား"
" Soo ရယ် နင်လုပ်ရင် ဘယ်တုန်းကများ အဆင်မပြေတာရှိလို့လဲ"
" မသိဘူးလေ နင်က CEO တွေ လုပ်နေပေါ့"
" အကုန်အဆင်ပြေတယ် ရှယ်ယာဝင်တွေအကုန်လုံးက သဘောကျနေကြတာ"
" အာ့ဆို နင်က ဘာလို့ ငါ့ကို မျက်နှာချိုသွေးနေတာလဲ အဒေါ်ကြီး Irene"
" ဘာအဒေါ်ကြီးလဲ နင့်ထက်တောင် ငါ လပိုင်း ငယ်တယ်နော် Soo"
" အေးပါ အာ့ဆို အကြောင်းရင်းက ဘာလဲပြော"
" ငါ့ကို မနေ့ညက အန်တီဖုန်းဆက်တယ်"
" မာမီက နင့်ဆီ"
" ဟုတ်တယ် နင်ဆေးရောပုံမှန်စစ်ရဲ့လားတဲ့"
" အာ့တော့ နင်ဘာပြန်ပြောလိုက်လဲ"
" ထုံးစံအတိုင်းလိမ်ပြောထားရတာပေါ့ဟ ဒီတခါတော့ project လဲ အဆင်ပြေပြီဆိုတော့ ဆေးရုံသွားရအောင်နော် Soo"Irene ပြောမှ Soo ကိုယ့်ရောဂါကို သတိရမိတယ်။ Soo ရဲ့ နှလုံးမွေးရာပါ အားနည်းတယ်လေ။ ဖြစ်ရပ်ဆိုးတွေကပါ ဖြစ်သွားတော့ Soo အခြေအနေတော်တော်ဆိုးခဲ့တယ်။ မိသားစုကရော Irene ကပါ ပြန်ပြီး ပြုစုပေးခဲ့လို့ Soo ဒီအခြေအနေပြန်ရောက်လာနိုင်တာ။ အခြေအနေကလဲ ကောင်းလာမလို့ Soo ဆေးရုံမသွားဖြစ်တာ တော်တော်ကြာခဲ့ပြီ။
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်