Part-22

538 47 5
                                    

သာယာလှတဲ့ မနက်ခင်းတစ်ခုမှာ မနဲ့အတူတူ အိမ်ကိုပြန်လာခဲ့သည်။ မနက်ဖြန်ကျရင် Jen တို့ Wedding လေ။
မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတော့မည်။
ဒီအချိန်ဆို Jen ဘယ်လောက်တောင် ရင်တွေခုန်နေလိုက်မလဲ။ Chae တောင် Wedding Day တုန်းက ဘယ်လောက်ပျော်ခဲ့လဲ ကိုယ့်ကိုယ်ကို အသိဆုံးပါ။
မိန်းကလေးတိုင်းရဲ့ အလှဆုံးအချိန်က သူတို့မင်္ဂလာဆောင်တဲ့အချိန်ပဲလို့ Omma ပြောဖူးသည်။

" Young ရေ"

အိမ်ပေါ်ကနေ အော်ခေါ်နေသည့် မကြောင့်

" မရေ Young မီးဖိုခန်းထဲမှာ ပန်းကန်တွေ ဆေးနေလို့"

Soo အောက်ထပ်ကို ဆင်းလာခဲ့သည်။

" နားနားနေနေ နေမှပေါ့ မိန်းမလေးရေ
တစ်ညလုံး ဆေးရုံမှာ နေရတာကို ပင်ပန်းနေမှာပေါ့"

Chae ကျောပြင်လေး ဖက်တွယ်ရင်း ပြောလာခဲ့သည်။

" မ ကရုံးသွားရအုံးမယ်လေ
Young က အိမ်မှာတစ်နေကုန် နားလို့ရတယ်"

" အင်းပါ Young ရဲ့"

" လာ မ
မနက်စာ စားလို့ရပြီနော်"

" အင်း စားတော့မယ်လေ
မလဲ စောစောသွားပြီး စောစောပြန်လာခဲ့မယ်"

မ မနက်စာစားဖို့အတွက် ပြင်ဆင်ပေးနေလိုက်သည်။

" Young လဲ တစ်ခါထဲစားနော်"

" မ ကစားခိုင်းတော့ စားမှာပေါ့"

Young နဲ့အတူတူ မနက်စာ စားနေရင်း....

📲📲

" Jen ဆီက မ"

" ကိုင်လိုက်လေ Young ရဲ့"

Chae ဖုန်းကိုင်လိုက်ပြီး speaker ဖွင့်လိုက်သည်။

" Hello Jen"

" Chae ဒီနေ့အားလား"

" ဂျူတီချိန်တော့ မရှိတော့ဘူး Jen"

" အာ့ဆို အိမ်လာခဲ့လေ
Omma ကလာခဲ့အုံးတဲ့"

" အာ....

Chae ငြင်းဖို့ ပြင်လိုက်တော့

" Soo ရုံးသွားရင်းနဲ့ အိမ်ကို ဝင်ပို့ခဲ့မယ်နော်"

" ကျေးဇူး Soo
မဟုတ်ရင် အာ့ငနဲမလေးက ငြင်းနေအုန်းမှာ
အာ့ဆို ဒါပဲနော်"

The Only Exception Where stories live. Discover now