Soo ဒီနေ့နောက်ကျမှ အိပ်ရာထဖြစ်တယ်။မနေ့က project အသစ်ကလဲ အဆင်ပြေသွားပြီဆိုတော့ Soo စိတ်အေးရပြီလေ။ ဒီနေ့ company ကိုနောက်ကျမှ သွားမယ်လို့ ဆုံးဖြတ်ထားပြီးပြီမလို့ ရေချိုးဖိူ့ ပြင်ဆင်လိုက်သည်။
" Soo ဒီနေ့ company မသွားဘူးလား"
Soo ရေချိုးပြီး မနက်စာ စားဖို့ ဆင်းလာတော့ Mommy ကမေးတော့
"သွားမာ Mommy
Project ကလဲ အဆင်ပြေသွားပြီဆိုတော့
Soo ခဏနေမှ သွားမလို့ပါ"" မနေ့က ဆေးခန်းပြတာ အဆင်ပြေရဲ့လား Soo"
" Mommy ဆီသတင်းရောက်တာ မြန်လိုက်တာနော်"
Soo ပြောတော့ Mommy ကရယ်တယ်လေ။
" Irene ဖုန်းဆက်တာ မဟုတ်ပါဘူး မေမေ မေးတာပါ"
Soo တို့သားအမိနှစ်ယောက် စကားလက်စုံကြနေတုန်းမှာပဲ
Daddy ကအိမ်ပေါ်ကနေ ဆင်းလာပြီးတော့" ဒီနေ့ company မသွားနဲ့တော့ Jisoo"
Daddy နဲ့ Soo ရဲ့ ဆက်ဆံရေး တင်းမာလာခဲ့တာ တော်တော်ခဲ့ပြီ။ Daddy ရဲ့ အတ္တကြီးမှုတွေကြောင့်ဆို ပိုမှန်လိမ့်မည်။
" ဘာလို့လဲ Daddy"
" ငါ့သူငယ်ချင်းရဲ့သားနဲ့ သွားတွေ့လိုက်"
Soo စိတ်ညစ်သည်။ တော်တော်ကို စိတ်ညစ်သည်။Daddy ဘာတွေလုပ်နေတာလဲ
ကြင်ယာဘက် တွေ့ခိုင်းတိုင်း သူတို့ကို Soo ဘယ်လိုလုပ်လွှတ်လိုက်တာတွေ Daddy တကယ်မသိတာလား
မသိချင်ယောင်များဆောင်နေသလား
Soo ကိုကြင်ယာဘက်တွေ့တဲ့သူတိုင်း တစ်ခုမဟုတ်တစ်ခု ပြဿနာတတ်ပြီးမှ ပြန်သွားကြတာမဟုတ်လား" ဒီတခေါက် ငါ့သူငယ်ချင်းရဲ့သားနော်
နင်ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့"" အာ့ဆို ဘာလို့တွေ့ခိုင်းလဲ Daddy"
" တော်တော့ Soo
သမီး Daddy ပြောသလိုလုပ်ပေးလိုက်ပါကွယ်နော်"Mommy ကြောင့်။ Soo သည်းခံနေတာ Mommy ကြောင့်
Soo သက်ပြင်းချလိုက်သည်။" ဘယ်နေရာလဲ"
" Manger Irene ကိုပြောထားတယ်"
Soo ပြောပြီးပြီးချင်း အိမ်ပေါ်တတ်လာခဲ့ပြီး Company သွားဖို့အတွက် ပြင်ဆင်လိုက်သည်။ အိမ်မာ ဆက်နေနေရင် Sooတို့ သားအဖကြားမှာ Mommy ပိုပြီး စိတ်ဆင်းရဲနေမှာ သေချာသည်။
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်