At Airport ✈️
Lisa လဲ chae တို့ကို လေဆိပ်အထိလိုက်ပို့ပြီး လိုအပ်တာတွေ ကူညီပေးခဲ့သည်။
" Lisa နင်လဲ ပြန်တော့လေ
တော်ကြာ အိမ်ပြန်နောက်ကျနေလိမ့်မယ်"" ဟုတ်သားပဲ
အန်ကယ်တို့လဲ ခဏနေ လေယာဉ်တတ်တော့မှာကို"Chae ပြောတော့ Appa ကလဲ အားနာပြီးတော့ ကူပြောတော့သည်။
" ဟုတ် အန်ကယ်
အာ့ဆို LiLi ပြန်တော့မယ်နော်
Chae ငါပေးထားတဲ့ လိပ်စာမှတ်မိတယ်နော်"" မှတ်မိပါတယ်
မရရင်လဲ Jen ဆီဖုန်းဆက်လိုက်ရုံပေါ့"" အေး အေး အာ့ဆို ငါပြန်ပြီနော်
ခွင့်ပြုပါအုံးနော် အန်တီ အန်ကယ်"" အင်း အင်း သမီး
ကားဂရုစိုက်မောင်းအုံးနော်"" ဟုတ်ကဲ့"
Lisa ပြန်ပြီး ခဏအကြာ လေယာဉ်ဆိုက်တာမလို့ chae တို့လဲ အကြာကြီးမစောင့်လိုက်ရဘဲ Jen ရှိရာနေရာကို သွားခဲ့ကြသည်။
ဆေးရုံကဆင်းပြီး အလုပ်တွေကလဲရှုပ် တစ်ပတ်လုံး ကောင်းကောင်းမနားလိုက်ရဘူး
အခုတော့ Sunday မလို့ အေးအေးဆေးဆေးနားမယ်လို့ စိတ်ကူးထားသည်။Roise နဲ့မတွေ့ရတာလဲ တော်တော်ကြာပြီ
အရင်တပတ်ညထဲက စကားမပြောဖြစ်တော့တာ အခုထိပဲ
လွမ်းလိုက်တာ.................📲📲
" Hello Irene"
"Soo နင်ဒီနေ့ ဆေးခန်းသွားရအုံးမှာနော်"
ဟုတ်သားပဲ အာ့ဆို Roise နဲ့တွေ့ရတော့မှာပေါ့
" အင်း အင်း နင်လာခေါ်လိုက်
ငါစောင့်နေမယ် အခုချက်ချင်းလာခေါ်နော်"" ဟုတ်ပါပြီ လာခဲ့ပါ့မယ်"
ဒေါက် ဒေါက်....
" အိမ်ထဲ မဝင်နဲ့တော့ သွားမယ် တော်ကြာ နောက်ကျနေမယ်"
" ဟဲ့ ဟဲ့ အော်ငါ့လဲ စောင့်ပါအုံး"
အိမ်ထဲတောင် အဝင်မခံဘဲ အောက်ကို အမြန်ဆုံးသွားတဲ့ Kim Jisoo
Irene ကားမောင်းနေရင်း" အရင်ကဆို ဆေးရုံသွားဖို့ကို အခါတစ်ရာလောက်ပင့်မှ ရတာ
အခုများ ကွာပါ့"
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်