Chae အတွက် စီစဉ်ပေးတဲ့ မင်္ဂလာပွဲကြီးလဲ ပြီးဆုံးသွားခဲ့ပါပြီ။
အခုဆို မနဲ့အတူတူ သာယာလှပတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးလာခဲ့သည်။
Chae တို့အိမ်ထောင်သက် ၇ နှစ်ရှိခဲ့ပြီ
ရန်ဖြစ်တာတွေလဲ မရှိတော့သလို ညှိနှိုင်းရခက်တဲ့ ကိစ္စတွေလဲ မရှိတော့ဘူးနောက်ပြီးတော့ Chae တို့မှာ သမီးလေးတစ်ယောက်ရှိနေပါပြီ
သမီးလေးနာမည်က Jiyoung
အားလုံးရဲ့မြေးဦးလေးမလို့ အဖိုးအဖွားတွေက တုန်နေအောင်ချစ်ကြသည်။သမီးလေး အသက် ၅ နှစ်ကျော် ၆ နှစ်ထဲရောက်လာပြီ
သမီးလေး ၃ နှစ်ထဲက Chae တို့နဲ့ အနေနည်းလာသည်။
Jen တို့ကရော သားသမီးမရှိသေးတော့ သမီးလေးကို ခဏခဏခေါ်ထားသည်။
အဖိုးအဖွားတွေကရော အမြဲလိုလိုခေါ်ထားလေ့ရှိသည်။အခုလဲ မက သူ့သမီးကို Daddy တို့အိမ်ကနေ သွားခေါ်နေပါသည်။
တီ တီ...
ဟော အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် မတို့ ရောက်ပြီဆိုတာ သိလိုက်သည်။
ကားတံခါးပေါက်လေးကို ဖွင့်လိုက်ပြီး
" မာမားရဲ့ jiyoung လေးပြန်လာပြီ"
သမီးလေးကို ချီပြီး အိမ်ထဲဝင်လာခဲ့သည်။
" မာမား"
ဧည့်ခန်းထဲမှာ ထိုင်နေရင်း ခေါ်လာတဲ့ သမီးကြောင့်
" Jiyoung ကိုချစ်လားဟင်"
သမီးလေးရဲ့ မေးခွန်းကြောင့် Young ကိုကြည့်လာတဲ့ မ
" ချစ်တာပေါ့ သမီးရဲ့"
" မာမီနဲ့သမီး ဘယ်သူ့ကို ပိုချစ်လဲ"
ရေသောက်နေတဲ့ မတောင် သီးသွားရဲ့
အဟွတ်ဟွတ်
" သမီးလေးကို ပိုချစ်တာပေါ့ မာမားက"
" ရေး ဒါမှ မာမားကွ
သမီးနိုင်သွားပြီ"" ဘာလို့လဲ သမီးရဲ့"
" တီတီ Li က မာမားကို အာ့လိုမေးကြည့်တဲ့
မာမီကို ပိုချစ်တယ်လို့ပဲ ဖြေမှာတဲ့
သမီးနဲ့ တီတီLi လောင်းထားတာ
သမီးနိုင်သွားပြီး သမီးကို တီတီLi မုန့်ဝယ်ကျွေးရတော့မယ်"" ဟုတ်ပါပြီကွယ်
သမီးလေး အိမ်ပေါ်မှာ ခဏဆော့နေနော် မာမားဟင်းချက်လိုက်အုံးမယ်"" ဟုတ် မာမား"
သမီးနောက်ကို မ လိုက်သွားပြီး Chae ကတော့ မီးဖိုထဲဝင်လာခဲ့သည်။
ဟင်းချက်နေတုန်း နောက်ကနေပြီး ဖက်လိုက်တဲ့ မကြောင့်
" Young မတရားဘူးနော်"
" ဘာလို့လဲ မရဲ့"
" သမီးလေးလဲ ရောက်လာရော မကို အိမ်ထဲခေါ်ဖို့လဲ မေ့တယ် နောက်ပြီး မကို ပိုမချစ်ဘူးပေါ့ ဟုတ်လား"
ကလေးနဲ့ ပြိုင်ပြီး စိတ်ကောက်နေတဲ့ မတဲ့လေ
" သမီးလေးက Young တို့နဲ့ တစ်ခါတစ်လေမှ လာနေတာလေ သူက သူ့အဖိုးအဖွားတွေနဲ့ ပိုပျော်နေတာ
သူလာတုန်းလေး ပျော်အောင်ထားရမှာပေါ့ မရဲ့"" အာ့ဆို မကို ချစ်လား"
မရဲ့ ဘက်ကို လှည့်လိုက်ပြီး
" ချစ်တယ်
မကို Young ကချစ်တယ်"Young ရဲ့ပါးလေးကို ဖိကပ်နမ်းလိုက်သည်။
" မလေ Young ချစ်တယ်ပြောတိုင်း ရင်တွေခုန်နေတုန်းပဲ"
" အာ့လိုပဲ ဖြစ်ရမှာလေ
မအတွက် Youngရဲ့အချစ်တွေက အမြဲလန်းဆန်းနေတုန်းပဲ"" အသက်တွေကြီးလာပေမဲ့ Young ကိုတစ်နေ့တစ်ခြား ပိုချစ်မိနေတုန်းပဲ"
" အခုတလော Young ရဲ့ မ က အရမ်းချစ်ဖို့ကောင်းလာသလိူပဲ
မွ"
မရဲ့ ပါးလေးကို အနမ်းလေး ပေးလိုက်သည်။
နောက်ပြီးChae တို့နှစ်ယောက် ပျော်ရွှင်စွာ ဟင်းတွေချက်ပြုတ်ခဲ့ကြသည်။
သမီးလေးနဲ့အတူတူ မိသားစုလိုက် ညစာစားကြသည်Chae လေ မနဲ့ သမီးလေးသာရှိရင် ဘာမှမတောင်းဆိုတော့ပါဘူး
သူတို့လေးနှစ်ယောက်နဲ့တင် Chae ဘဝလေးက လှပလွန်းနေပြီSoo ဘဝရဲ့ မိဖုရားနဲ့ မင်းသမီးလေးအတွက် Soo ဘာပဲလုပ်ရလုပ်ရ Soo မှားသည် မှန်သည် ဖြစ်စေ လုပ်နေအုန်းမှာပဲ
ချစ်တယ် Young
ချစ်တယ် သမီးလေး
မနဲ့ အတူတူ ဘဝအဆုံးထိ ရှိနေပေးကြလို့ ကျေးဇူးတင်ပါတယ်။ဘဝရဲ့ အခက်အခဲဆိုတဲ့အရာတွေကိုလဲ Young နဲ့အတူတူ ကျော်ဖြတ်ခဲ့သည်။
အချစ်ဆိုတဲ့အရာကိုလဲ Young နဲ့တွေ့မှ တစ်ဖန်ပြန်ပြီး ချစ်တတ်ခဲ့သည်။
အားနည်းချက်တွေကိုတောင် Young ကပြောင်းလဲပေးနိုင်ခဲ့သည်။
ဒီဘဝတင်မက နောက်ဘဝများစွာထိ Young က မရဲ့ တစ်ဦးတည်းသော ခြွင်းချက်လေးပါပဲ#735
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်