Part-24

486 45 5
                                    

Chae လဲ wedding အပြီး နောက်နေ့မှာ ဆေးရုံသွားဖို့ အိပ်ရာထလိုက်သည်။
အိပ်ရာဘေးမှာ မလဲ မရှိတော့ပေ။
ကုတင်ဘေးက နာရီကိုကြည့်လိုက်တော့

" Oh My God"

Chae ဆေးရုံသွားရမှာက ၈ နာရီ အခုက ၁၀ နာရီတောင်ရှိပြီ
Chae ဒီအချိန်ထိ ဘယ်လိုများအိပ်ပျော်သွားတာပါလိမ့်

💭
သိပါပြီ။  ညက မပေါ့ အနမ်းအကြွေးတောင်းတာဆိုပြီးတော့ ........

Chae မ ရှိတဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။

" မ ရေ မ ရေ"

အပေါ်ထပ်က Young အသံကြားတာကြောင့် နိုးလာပြီ ထင်သည်။

" Young ရေ မ ဧည့်ခန်းထဲမှာ"


" မ မကောင်းဘူး
Young ဒီနေ့ဆေးရုံသွားရမှာသိရက်နဲ့ မနှိုးဘူး"

မတ်တပ်ရပ်ပြီး ဆူပုတ်ပုတ်လေးပြောနေတဲ့ Young

" လာပြီး ထိုင်ပါအုံး မိန်းမလေးရဲ့"

မနား သွားထိုင်လိုက်သည်။
Young ကိုဖက်လိုက်တော့ ဖယ်လိုက်တဲ့ Young ကြောင့်

" Young တကယ်ကြီးစိတ်ဆိုးနေတာလား
မက Young အိပ်ရေးပျက်မှာ စိုးလို့ပါ"

Soo ဘက်လှည့်ကြည့်လိုက်ပြီးတော့

" အခု ဆေးရုံသွားရမှာ နောက်ကျနေပြီ
ဘယ်လိုလုပ်မှာလဲ"

" အော် ဒါလား
မ Lisa ဆီဖုန်းဆက်ပြီးပြီ
Young ဆေးရုံမလာနိုင်တော့ဘူးလို့"

" အာ့ဆို Young အိမ်မှာနေလို့ ရပြီပေါ့"

" ဒါပေါ့ Youngရဲ့"

ပြောလိုက်မှ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားတဲ့ Young မျက်နှာလေးမြင်ရမှ Soo သက်ပြင်းချရသည်။

" မရော ဒီနေ့အားလား"

" မ ခဏနေ ရုံးသွားရအုံးမှာ"

" အာ့ဆို Young ကအိမ်မှာ တစ်ယောက်ထဲပေါ့"

" ခဏနေလေးပါပဲ မသွားလို့ မရလို့ပါ"

" ရုံးသွားမှာတော့ ဟုတ်တယ်မလား"

" ရုံးပဲ သွားမှာ
ပြီးရင် Young ဆီပဲပြန်လာမှာ"

Soo ရဲ့ပေါင်ပေါ်ထိုင်ပြီး လည်ပင်းကို ဖက်တွယ်လာတဲ့ Young

" မ နဲ့ပဲ နေချင်တာ"

The Only Exception Where stories live. Discover now