ခေါင်းကိုငုတ်ချလို့ ပြောလာမဲ့စကားခွန်းတို့ကို စောင့်နေခဲ့ပေမဲ့ ဖိနပ်သံ နှင့်အတူ တတိုင်းမွှေးပန်းရနံ့ဟာ ပိုနီးကပ်လာတယ်။ မျက်စိအောက်က မြင်ကွင်းထဲတွင် တောက်ပြောင်နေသော ရှူးဖိနပ်အညိုရောင်လေးက တိုးဝင်လာ၏။ ကြည့်ရတာ တတိုင်းမွှေးပန်းရနံ့ဟာ ထိုသူ၏ ရေမွှေးနံ့ထင်၏။
"ဝမ်ရိပေါ်..."
သူ့မေးဖျားကို လက်နဲ့အသာပင့်တင်လို့ သူ့နာမည်ကို ရေရွက်လာတဲ့boss။ မျက်လုံးတို့အာ ဖြေးညှင်းစွာ ဖွင့်ကြည့်မိတော့...
"ဉီး...ဉီးလေးကြီး"
shirtအကျီအဖြူအာ ကြယ်သီး သုံးလုံးလောက်ဖြုတ်ဝတ်ကာ...style pantsခဲရောင်ေလးအာ ဝတ်ဆင်ထားတဲ့ထိုလူ။ မနေ့ကလို ဆံပင်တွေအာ အပြောင်မသိမ်းထားသဖြင့် ခပ်ဖွာဖွာလေး...တဆိတ် ဉီးလေးကြီးရဲ့ မျက်ဝန်းတွေက သိပ်လှတာပဲ...
"ချာတိတ်...ငေးလှချည်လား.."
"မ...ဟုတ်..ပါဘူး။ ဉီးလေးကြီးရဲ့.."
လာပြန်ပြီ ဉီးလေးကြီး...။ အမြဲတန်း suitဝတ်တဲ့သူဟာ မေပြာင်းစဖူး လူငယ်styleဝတ်လာတာတောင် ဒီချာတိတ်အမြင်ကို မပြောင်းလဲနိုင်ဘူးတဲ့လား? ဒါပေမဲ့ အခုသူရဲ့ styleဟာweibo hot search တောင်ချိတ်သွားသေးတာလေ။ သူ့ရဲ့ချာတိတ်လေးက အနီးမှုန်ေလးများလား??
မနက်က ဒီချာတိတ်လေး ကာတွန်းအကျီလေးနဲ့ hotel ထဲဝင်လာတာ လှမ်းမြင်မိတော့ သူ့မှာ စီးပွားရေးမိတ်ဖက်အသစ်ေတွနဲ့ စကားပြောနေရင်းတန်းလန်း ပြုံးမိတာ အခါခါပင်။ အလုပ်ထဲတွင် အမြဲ တည်ကြည်ပြတ်သားတဲ့ သူ့လိုလူတောင် ဒီချာတိတ်ေလးကြောင့် အလုပ်ထဲစိတ်မရောက်။ ဒီတစ်ခါတော့ ကလေးငယ်တွေနဲ့ကစားကြည့်ကြတာပေါ့...
"ကိုယ့်ကို ဉီးလေးကြီးလို့ ခေါ်နေတုန်းလား?"
ကိုယ်က ရိသဲ့သဲ့နဲ့ သူလေးနားကပ်မေးမိတော့ ရလိုက်ရတဲ့ လီမွန်နံ့လေးက...ခေါင်းကိုကြည်သွားတာပဲ။ ဇာတ်ကလေးပုလို့ သူ့နားကထွက်သွားတဲ့ချာတိတ်လေး။ ကိုယ့်ကို ရှောင်တာမင်းတစ်ယောက်ပဲရှိတယ် ချာတိတ်လေးရဲ့..
"Boss..."
လေသံတိုးတိုးလေးနဲ့ ခေါ်လာတဲ့ ထိုပေါက်စ။ Bossတဲ့လား? Bae မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023