ဉီးသည်ကလေးတစ်ယောက်ထပ် ပိုဆိုးပါသည်။ အခုလည်းကြည့် အာဘွား အများကြီးပေးပြီးမှ စားရသောမနက်စာကိုတောင် သူ့မှာဖြောင့်အောင်မစားရ။ ဒီနေ့မှပဲ ကလေးသုံးယောက်နှင့် ရိစန်းကောတို့ကပါ အိမ်လာလည်တော့...ရှက်လိုက်တာ။
"အင်း...ညှပ်အောင်ဝါး..အသားများများစား။ လူကပိန်ပိန်လေးနဲ့ ဘယ်လိုလုပ်အားရှိမှာလဲ.."
"အဟွတ်!...အဟွတ်!"
ကြင်စဉီးအတွဲတွေထက်တောင် ကောတို့အတွဲက ပိုကဲသဲေနလိုက်တာ။ ဆွယ်တာ အဖြူလည်ပိတ်ကို ဝတ်ထားတာတောင် အမှတ်အသားတို့ကထင်းကနဲ။ ထို့အပြင် ဝမ်ကောကို ပေါင်ပေါ်တင်လို့ ထမင်းခွံနေသော ဉီးကျန့်။ ဘဲရှိတာတောင် ခွေးစာစားနေရတဲ့ ခံစားချက်ကြီးက...မသက်သာလိုက်တာ။
"ဝေ့..ရိစန်း မင်းဖြေးဖြေးချောင်းဆိုးလေ။ ငါ့ကလေး လန့်သွားရင်..ဘယ်လိုလုပ်မလဲ"
"ကျွန်မ ဝပြီအရင်ထနှင့်မယ်"
သူမ၏ နှုတ်ဆက်မှုကိုဘယ်သူမှနားမဝင်။ ေမာင်ကိုသာ အလေးထား
ကျတဲ့ သူတွေကို သူမသိပ်မုန်းတာပဲ.."အင်း..ထပ်စားအုန်း။ အားရှိနေမှ.."
ဉီးရဲ့အားရှိမှဆိုတဲ့ အသံကြားရင် ခေါင်းကိုက်လာတယ်...
>>>
"ဉီး ငြိမ်ငြိမ်နေလေ..."
ဧည့်ခန်းထဲတွင် သရဲကားစုကြည့်နေစဉ်.. ဉီးသည် သူ့အနားကို အတင်းကပ်ထိုင်လျက် လက်တို့ကလည်းအငြိမ်မနေ...
"ဇာတ်ကားသေချာ ကြည့်လေ"
အရှေ့ဘက်တွေ ရိစန်းကောတို့ထိုင်နေကြသည်။ ကြမ်းခင်းပေါ်တွင်ထိုင်နေလျက် sofaနားရှိ သူတို့က နောက်ဆုံးဖြစ်သည်။
"Bae...ဟင်း..."
နားဖျားတို့ကို ကိုက်လိုက်...ဖွဖွလေး ပြန်ငုံလိုက်၊ လျှာဖျားလေးနဲ့ထိလိုက်နဲ့..နားလေးနီရဲလာသည်အထိမရပ်တန့်မိ။ သူတို့ကို အကဲခတ်နေသော ထိုမိန်းမသည်လည်း ဒေါသအမြတ်တထောင်းထောင်းနဲ့။
"ကျွန်တော်...အသီး...ယူလာခဲ့မည်"
အကျီထဲထိ တိုးဝင်လာသော လက်ကြောင့် အလျင်အမြန်ထလို့ မီးဖိုချောင်းထဲ ဝင်လာလိုက်သည်။ လိုက်မလာလို့ တော်ပါသေးရဲ့..ဟူး...လူဆိုးကြီး..နားတောင်ပူထူနေပြီ။

YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023