"နိုးလာပြီလား...တစ်ခုခုစားချင်လား?"ဘာလို့ သူ့ကိုယ်သူ ပျောက်ဆုံးနေသလို ခံစားရတာလဲ?? သူ့ရဲ့အစစ်အမှန်က ဘာလဲ...ပြန်ရှာရမယ်...ပျောက်ဆုံးနေလို့မဖြစ်ဘူး။ သူက ဘယ်သူလဲ??
"ကျွန်တော် ဟင်းချက်ကြည့်ချင်တယ်..."
နိုးနိုးချင်း ဟင်းချက်ချင်တယ်တဲ့လား။ မီးဖိုချောင် ဘက်ကို ခေါ်သွားပေမဲ့ baeကစိတ်နဲ့ကိုယ်နဲ့ မကပ်...
"ထွက်သွားပေးပါလား"
တစ်ယောက်ထဲ မထားခဲ့ချင်ပေမဲ့ Bae မင်းလုပ်နိုင်တယ် ကိုယ်သိနေတယ်...ယုံကြည်တယ်။ ကိုယ့်ရဲ့ ကလေးငယ်က သိပ်ကိုသန်မာတာလေ..
"အင်း..."
သူဟာ chefတစ်ယောက်? ဟင်းချက်တယ်တဲ့လား?ဒါပေမဲ့သူ့မှတ်ဉာဏ်ထဲမှာ သူဟာတစ်ခါမှ ဟင်းမချက်ဖူးဘူးေပ။ ဒါပေမဲ့ အခု သူ့ခန္ဓာကိုယ်က မှတ်မိနေတာလား?သူက ဝမ်ရိပေါ်လား?
"ဝိုး...ဒါဝမ်ကောပဲ..ကောလက်ရာကို သေတောင်မမေ့ဘူး...jack ဒါငါတို့ကောပဲ!!..."
သူ့ကိုဝိုင်းဖက်လာတဲ့ကောင်လေးနှစ်ယောက် သူစိမ်းနဲ့ဆိုအသားထိရမှာကြောက်တဲ့သူဟာ ဘာလို့ဒီကလေးတွေကိုရင်းနှီးနေရတာလဲ??
စားပွဲပေါ်တွင် သူမစားဘူးသော ဟင်းများလည်း ပါသည်။ ဒါပေမဲ့ သူချက်ပြုတ်နိုင်တယ်တဲ့လား? ကြက်သွန်တောင် မခွာဖူးတဲ့သူကလေ...ဒီလောက်ကောင်းတဲ့ ဟင်းတွေကို..
"သားက သတိရနေတာ...ကောမရှိတုန်း အပင်တွေကို သေချာပြုစုထားတယ်"
Konဆိုတဲ့သူဟာ အပင်နဲ့ပတ်သတ်ပြီး တစ်ခါမှဂရုစိုက်ခဲ့တာမဟုတ်ပေမဲ့ ကောပျောက်နေတဲ့အချိန်အတွင်းသူတောင် အပင်တွေကိုတန်ဖိုးထားတတ်နေပြီ..
"အပင်??"
"Baeကအရင်က အပင်လေးတွေ ပန်းပင်တွေကို သိပ်သဘောကျတာလေ.."
ယခုသူဟာ ဆိုင်ကယ်၊စကိတ်တွေကိုသာ ဝါသနာပါခဲ့တာ။သိပ်သဘောကျခဲ့တာ ဒါပေမဲ့ဝမ်ရိပေါ်က အပင်တွေ၊ပန်းပင်တွေကိုနှစ်သက်တယ်တဲ့လား?နူးညံ့တဲ့ဝမ်ရိပေါ်နဲ့ ခပ်ဆိုးဆိုးangleမှာ ဘယ်သူက ကျွန်တော်အစစ်အမှန်လဲ?
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023