"သတို့သား ဝမ်ကျန့်သည် သတို့သား ဝမ်ရိပေါ်အပေါ် ချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊နာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည်ဟု ကတိသစ္စာပြုပါသလော "
သူ၏ မျိုးရိုးအမည်ကို ခံယူခဲ့သော ဉီး။ သူ့အပေါ်တွင် အချစ်များပုံအပ်ခဲ့သော ဉီး။ အကြွင်းမဲ့ ယုံကြည်ေပးခ့ဲသော ဉီး။ သူ့ဘဝကို အပိုင်စိုးမိုးထားတဲ့ အရှင်သခင်ဟာ ဉီးတစ်ယောက်ထဲသာ..
"Yes I do"
ဖာသာစီသို့ပြန်ဖြေလာတဲ့ ကတိစကားနှင့်အတူ သူ့၏လက်ကိုဆုပ်ကိုင်လျက်..
"ကိုယ်ဘဝတစ်သက်လုံး မင်းကို ဘယ်တော့မှလက်လွှတ်မှာ မဟုတ်ဘူး bae။ ကိုယ်အသက်ရှင်နေသ၍ ကိုယ့်အချစ်တွေ၊ ကိုယ်အသက်သေဆုံးသွားချိန်မှာ ကိုယ့်ရဲ့ဝိဉာဉ်...ကိုယ်ဘဝအသစ် တစ်ဖန်မွေးဖွားခဲ့ရင်တောင် ကိုယ်ဟာ မင်းတစ်ယောက်အတွက်ပဲ..."
ကိုယ့်ရဲ့ ငယ်ရွယ်စဉ်မှာ မင်းကိုမတွေ့ခဲ့တာ ကိုယ်ရဲ့ကံဆိုးချင်းေတွပဲ။ ဒါပေမဲ့ကိုယ့်ရဲ့ အနာဂတ်မှာတော့ မင်းနဲ့ဘယ်တော့မှ လက်တွဲမဖြုတ်ပဲ အတူတူဖြတ်သန်းကြရအောင်။
"သတို့သား ဝမ်ရိပေါ်သည် သတို့သား ဝမ်ကျန့်အပေါ်ချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊နာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည့်ဟု ကတိသစ္စာပြုပါသလော "
"Yes I do"
"ဉီးထပ် မပိုရင်တောင် ဉီးထပ် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ပေးပါ့မယ်။ ကျွန်တော် ဝမ်ရိပေါ်ရဲ့ဖူးစာဖက်ဟာ ဘဝစက်တိုင်းမှာ ဉီးတစ်ယောက်ထဲအတွက်ပါပဲ။ ကျွန်တော်ဟာ ဉီးရဲ့အပိုင်ကလေးငယ်ပါ.."
ကျွန်တော် ရွေးချယ်လိုက်တဲ့ ဉီးသည် ကျွန်တော့်ဘဝအတွက် အချစ်ဉီးဖြစ်သလို အချစ်ဆုံးလည်းဖြစ်ပြန်သည် ။ကျွန်တော့်ဘဝကို ဉီးနဲ့စလို့ ဉီးနဲ့ပဲ အဆုံးသတ်ခွင့်ရတာ ဘုရားေပးတဲ့ ကံကောင်းချင်းပါပဲ။
ကျမ်းကျိန်ခြင်းသည် အများသူငှာ သိစေဖို့အတွက်ဆိုပေမဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို သူတို့နှစ်ဉီးသားသိနိုင်သည်။ အထင်လွဲမှုတွေရှိလာရင်တောင် သူတို့နှစ်ဉီးတွင် နားလည်ခြင်းအပြည့် ရှိနေမှာအမှန်ပင်...တခြားသူများထက် သူသည် ဉီးကို နားလည်သလို ဉီးသည်လည်း သူရဲ့စိတ်ကိုနားလည်မှာ အမှန်ပင်။
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023