"Bae..!""ဟာ...ဉီး.."
Seanတစ်ယောက် နားချိန်ခဏရတုန်း K-roomထဲကိုအရောက်လှမ်းလာခဲ့သည်။သူ့ကလေးကတော့ ကြည့်ရတာ ကိတ်မုန့်လုပ်နေသည်ထင်ပါ့ မျက်နှာလေးမှာလည်း ဂျုံမှုန့်အဖွေးသားနဲ့...
"ဘာလုပ်နေတာလဲ bae..."
"ဟီး...ဒီနေ့ ဉီးမွေးနေ့မှတ်လား ကျွန်တော် ဉီးဖို့ ကိတ်ပြင်ဆင်ပေးနေတာ.."
တကယ်ဆို သူမွေးနေ့ မလုပ်ဖြစ်တာ တော်တော်ကြာနေပြီး အတိအကျဆိုရင် နှစ်20ကျော် တောင်ရှိနေပြီ။
"မွ...မောနေပြီလား"
နှုတ်ခမ်းလုံးလေးအာ တစ်ချက်နမ်းမိတော့ မျက်စောင်းလေးက ဒိုင်းကနဲ။ စားဖိုဆောင်ထဲတွင်လည်း သူတို့အတွဲအာ ကြည့်ပြီး လက်သည်းကိုက်နေကြတဲ့ faတွေ အများအပြားပင်...
"လက်ဆောင်က ဘာပေးရမလဲမသိလို့..."
"ကိုယ် တောင်းတာပေးမှာလား"
ပြုံးပြုံးကြီး ပြောလာတဲ့ဉီး...ဘာလို့ အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်လို ခံစားနေရတာလဲမသိဘူး။
"ပေးမှာ...ဟိုလေ အရမ်းစျေးကြီးတာတော့ တောင်းနဲ့နော်"
အဟား...သူ့အိမ်ရှင်ထီးလေးက ကပ်စီးနဲလေးပဲ။ ကိုယ့်လို အသုံးကြမ်းတဲ့သူကို ထိန်းသိမ်းပေးမို့ ကွက်တိပဲ။
"Bae ပေးနိုင်တာကိုပဲ တောင်းမှာ..."
သူ့အာပြောရင်း ဉီးသည် သဘောကျသလို တစ်ယောက်တည်းပြုံးနေလေရဲ့...
"ဉီး ကျွန်တော် အိမ်က ကလေးတွေကိုခေါ်လာလို့ရလားဟင်"
တကယ်ဆို သူနဲ့ condoမှာနေဖို့ ခေါ်ချင်ပေမဲ့။ Bae၏ ယခုနေတဲ့အိမ်သည် ပိုအဆင်ပြေသည် ပိုနွေးထွေးသည်။ သူသည်လည်း တစ်ခါတစ်ခါလေ baeစီသွားရင် ထိုကလေးသုံးယောက်နဲ့ရော အားရီနဲ့ပါ ရင်းနှီးနေပြီလေ..
"ရပါတော့...ပထမက baeနဲ့နှစ်ယောက်ထဲ ဆင်နွှဲရမယ်ထင်တာ။ ကိုယ့် အသိမိတ်ဆွေနည်းနည်းနဲ့ bae မိသားစု အတူညစာစားကြတာပေါ့.."
ဉီးသည် သူ့အပြင် ထိုကလေးသုံးယောက်နှင့်မားကိုပါ ဂရုစိုက်ပေးသည်။ မားသည်လည်း ဉီးအာ သားကျန့် သားကျန့်နဲ့ အလိုလိုက်လေသည်။မိသားစုအရင်း မဟုတ်ပေမဲ့ သူသည်မားတို့အာ တကယ့်မိသားစုဝင်တွေအတိုင်း သဘောထားသလို ဉီးသည်လည်း ထိုနည်းအတိုင်းပင်။
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023