ဉီးသည် မနေ့ညက အမေရိကရှိ ကုမ္ပဏီခွဲတစ်ခုကို သွားရသည်။ ဉီးတို့ကုမ္ပဏီ၏ ငွေကိုင်မန်နေဂျာသည် ရှယ်ယာတွေကို ခိုးရောင်းလိုက်သည့် ကိစ္စဖြစ်သည်။ သူ့ကို လိုက်ဖို့ခေါ်ပေမဲ့ သူက အပိုလူသာ ဖြစ်စေမည့်အတွက် သူ မလိုက်လိုကြောင်း ပြောလိုက်သည်။ သူ့သဘောထားကို အမြဲအလေးထားသည့် ဉီးသည် ယခုလည်း ထိုအတိုင်းပင် baeသဘောတဲ့...ဒီနေ့တော့ သူလည်း အရင်ကထက် အလုပ်တစ်ခုပိုနေသည်။ အပိုအလုပ်ကတော့ ဉီး၏ အဖေနှင့် ချိန်းထားခြင်းဖြစ်သည်။ ဒီအကြောင်းကိုလည်း ဉီးအာ အသိမပေးထားခဲ့ပေ။ချိန်းထားသော နေရာသည် ကော်ဖီဆိုင်တစ်ခုဖြစ်ပေမဲ့...ဝန်ကြီးရှောင်သည် အပေါ်ထပ် တစ်ထပ်လုံးကိုအပြတ်ငှားထားသည့်ပုံပင်။
"ရောက်နေတာကြာပြီလားဗျာ့"
သူကတော့ အချိန်အထိအကျရောက်ပေမဲ့ စောရောက်နေသော ဝန်ကြီးကြောင့် အမေးစကားပြုလိုက်ပေမဲ့...
"ဘယ်လောက်ပေးရမလဲ??"
"ဘာကိုလဲဗျာ့?"
"Seanနဲ့ မပတ်သတ်နဲ့...ဘာလိုချင်လဲ ငွေလား...ရာထူးလား..."
ကြည့်ရတာ လူကြီးမို့လို့ သူကယဉ်ကျေးပေးပေမဲ့ ထိုသူကတော့?...အင်းလေ...သားအရင်းအပေါ်တောင် လုပ်ရက်တဲ့ထိုလူက သူစိမ်းဆိုတဲ့ သူ့ဆိုပိုဆိုးမှာပေါ့။
"ကျွန်တော်...ဉီးနဲ့လက်တွဲတာဟာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ပြီးတော့ ဉီးကိုလည်း အဆုံးထိလက်တွဲထားမှာ...လမ်းခွဲဖို့ဆိုတာ ဘယ်သူတားတားဖြစ်မှာ မဟုတ်ဘူး..."
"Seanနဲ့ တွဲခဲ့တဲ့လူတိုင်းဟာ မိန်းကလေးတွေပဲ...ဒါတောင်ထိပ်တန်းအိမ်တော်တွေကပဲနော်။ မင်းကတော့ ထူးခြားလို့ ခဏပျော်မွေ့နေရုံပဲ။ပွဲလည်တင့်မဲ့ မိန်းမတစ်ယောက်၊ ချစ်စရာကောင်းတဲ့ သားသမီးတစ်ယောက်....ဒါတွေက မင်းမလုပ်ပေးနိုင်ဘူးလေ"
ဉီးသိလား ကျွန်တော်ကလေ ဉီးအတွက်ဆို သန်မာတဲ့လူသားတစ်ယောက်ဖြစ်ချင်တာ။ ဝန်ကြီးရှောင်၏ အပြောကို သူကတော့ခပ်အေးအေးနှင့်သာ တုန့်ပြန်လိုက်သည်။
"မိန်းမတစ်ယောက်?ဟင်း...အချစ်မပါတဲ့ အိမ်ထောင်ရေးကိုလား?? သားသမီးတဲ့လား? ဝန်ကြီးရှောင်အတွက် ဖခင်မေတ္တာက ဘာလဲဆိုတာပြန်သင်ယူသင့်တယ်လို့ ကျွန်တော်ထင်မိတယ်။ ဉီးက ဝန်ကြီးအကြောင်းတွေ ကျွန်တော်ကိုပြောပြဖူးပါတယ်...မိဘတိုင်းက သားသမီးကိုချစ်တယ်ဆိုတဲ့ ကျွန်တော်အမြင်ကို ဝန်ကြီးကပြောင်းလဲစေခဲ့တာပဲ။ ကျွန်တော်စကားက ရိုင်းစေမိရင် အားနာပါတယ်။ ခွင့်ပြုပါအုန်း"

YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023