"Devil စုံစမ်းပြီးပါပြီ..."
ဟက်!ဝန်ကြီးရှောင်က Baeကိုတောင် ငါးစာအနေနဲ့သုံးရဲတယ်ပေါ့။ဒါ့အပြင် ဘန်ကိုလည်း ကယ်ထားသေးတယ် ။
"ဘန်က အခုဘယ်ရောက်နေလဲ.."
"သူက ဟို...သတင်းအစအနကိုမရတာပါ။ဝန်ကြီးခေါ်ယူထားတယ်ဆိုတာပဲသိရပါတယ်"
"ဘန်အကြောင်းကိုမရရတဲ့နည်းနဲ့စုံစမ်း.."
.
."Sean...leoပြန်ရောက်လာပြီဆို.."
"ကလေးက ငါ့စီပြန်လာပြီ..လူးဝစ် ဘန်ကသူ့ရဲ့ငယ်ဘဝကို မင်းကိုပြောပြဖူးလား? ငါမသိခဲ့တဲ့ သူ့ရဲ့သရုပ်မှန်ကိုလေ..."
အတိတ်ကာလ~~
"ဘန် ဒါလေးလိုချင်တယ် ကိုကို"
"ဒီမှာလေ အတူတူပဲကို ဘန်မှာလည်း ရှိတယ်လေ။ဟိုအရုပ်က မာရီရာဟာ သူများပစ္စည်းကို မျက်စိမကျရဘူး"
လိုချင်တယ် ဘန်လိုချင်တယ်လေ ယူမှာ ရအောင်ယူမှာ။ ကိုကိုက ရယ်လိုက်ရင် ယုန်သွားလေးတွေနဲ့ ဘန်က ယုန်လေးတွေကို ချစ်တယ်။
"ဘန် မုန့်စားချင်တယ် ကိုကို"
မုန့်ယူပေးဖို့ ကိုကိုထွက်သွားစဉ် သူ့ရဲ့အရုပ်အစိမ်းလေးကို ဖျက်စီးလို့ ငိုယိုကာ မမလုပ်တာလို့ပြောခဲ့တယ်။ နောက်ဆုံးတော့ အရုပ်နီလေးက သူ့အပိုင်...ဟား...ဟား!...
"ကြီးကြီးမြ dadကို မပြောပါနဲ့...ဘန်မှားပါတယ် "
သူဒီလောက် တောင်းပန်ပါတာတောင်...ဟက်...သေချင်နေတဲ့ အဖွားကြီး"အကိုလေးက ဆေးတွေသုံးနေတာ...သခင်ကြီးကို သတိပေးရမယ်"
အဘွားကြီး...အာချောင်နေတယ်။ မဖြစ်ဘူး dadသိလို့မဖြစ်ဘူး။ သူ့ကို စွန့်ပစ်လိမ့်မယ်...မရဘူး...မဖြစ်ရဘူး...
"ဘန်! နင်ဘာလုပ်လိုက်တာလဲ..."
နွားနို့သောက်ပြီး သေလိုက်တော့အဖွားကြီး...နင့်ကိုသတ်တာ မမပဲ...
"Dad!!!လာပါအုန်း...ဒီမှာ မမ...အင့်..."
ဟက်...ဝမ်းနည်းလိုက်တာ ခံစားလိုက်စမ်း ဘယ်သူမှမယုံကြည်တဲ့ ခံစားချက်ကို...နင်သတ်တာ...နင်အကုန်လုပ်တာ။ ငါက အဖြူထည်ကလေးလေး...
.
.
.
"ဘန်က သူ့အသက်ဆယ်သုံးနှစ်မှာ ကြီးကြီးမြကိုသတ်ခဲ့တယ်။ အဲ့ထဲကသူက ဆေးစသုံးနေတာ....sean ရိပေါ်နဲ့တွဲတဲ့အချိန် ပိုဆိုးလာတာ။ သူက ဆေးကိုမဖြတ်နိုင်တာ ပုံရိပ်ယောင်ထဲမှာ ပျော်မွေ့နေတာ sean ကြောင့်တဲ့။ သူက စိတ္တဇဆန်လွန်းတယ်...leoအတွက် အန္တရာယ်များနိုင်တယ်"
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023