သူရယ်၊ Mr.Deepရယ် Lucusကောရယ်က အစထဲက Sentosa orchid garden ကို သွားမယ်လို့ စီစဉ်ထားပြီးသားကို ကြားထဲကကန့်လန့်ပါလာတာက...
"Bae က ပန်းတွေကြိုက်တာလား.."
"ကျွန်တော်က စိုက်ရေးပျိုးနဲ့ကျောင်းပြီးထားတာလေ..."
သူ တက္ကသိုလ်တက်တုန်းကဆို လက်တွေ့ချိန်နဲ့အားလပ်ချိန်တွေမှာဆို ပျိုးပင်တွေပျိုးထားတဲ့ မှန်လုံအိမ်မှာကြီးပဲ။ အဲ့မှာ မုန့်ညင်း၊ခရမ်းချဉ်၊ ဆလပ်တို့လိုသီးပင်စားပင်ေတွအပြင် တရုတ်စံကား၊ နှင်းဆီ၊မက်မွန်တို့လိုအပင်ငယ်တွေအားလည်း ပြုစုပေးရသေးသည်။
"ဒါဆို baeကဘယ်ပန်းကိုအကြိုက်ဆုံးလို..."
"အပင်မှန်သမျှ ပန်းမှန်သမျှကို သဘောကျတယ်"
သူ့ကို မေးခွန်းတွေ ထပ်မေးနေမှာစိုးလို့... lucusကော နဲ့သာ စကားပြောနေလိုက်သည်။
"ဟုတ်ကော...ကျွန်တော်လည်း butterfly orchid ကလှတယ်ကြားတယ်။ တခြားထပ် သူကivory colour (ဆင်စွယ်ရောင်) ဆိုတော့ ရှားပါးမျိုးစိတ်လေ.."
ပုံမှန်ဆိုသစ်ခွများသည် အဝါ၊အဖြူ၊ခရမ်း၊အနီတို့သည် ပိုပေါများသည်။ ဆင်စွယ်ရောင်သည်ဟာ အဖြူမကျအဝါမကျ နို့နှစ်ရောင်လေးပင်...သစ်ခွထဲတွင် ဒီလိုအရောင်မျိုးသည်ရှားပါးသည်။
"သူတို့က မျိုးစိတ်တွေကို မရောင်းဘူးလေ။ အကျိုးစီးပွားအတွက် ပြန်အသုံးချမှာစိုးလို့ထင်တယ်.."
"ကျွန်တော်ကလေ သစ်ခွမှာဆို pinny၊ scarlet လို အရောင်မျိုးသိပ်လိုချင်တာ..."
လိုချင်တဲ့ သစ်ခွတွေအကြောင်း ပြောပြနေသောLeoသည် ဖုန်းတစ်လုံးနဲ့ လိုက်မှတ်နေသော seanအာ မမြင်မိလိုက်သည်။သူကတော့ leoပြောသမျှ ကိုလိုက်မှတ်နေတဲ့ seanကို ခေါင်းတခါခါဖြင့်တွေးမိတာက ငါတော့ အသက်ကြီးမှ ခွေးစာစားရတော့မှာပဲ..။
>>>
"ဝါး...ဒါက cattleya ပဲ..ဘေဂျင်းမှာတောင်မရှိဘူး။ Dendrobium လေး...ငါလေး သေလို့ရပြီ... mothကို မြင်ခွင့်ရပြီကွ!.."
Baeကို ပြောခွင့်ရရင် သေမဲ့စကားကိုပြောတောင်မပြောသေချင်ဘူး။ Moth orichidsတင်မဟုတ် Baeသာအလိုရှိရင် ဘယ်အရာကိုမဆိုရယူပေးဖို့အသင့်ပင်..
![](https://img.wattpad.com/cover/344398349-288-k17585.jpg)
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023