"ကိုကို!!..."
အလုပ်လုပ်နေသော ကိုကိုသည် သူလာလည်မည်ဟု မထင်မှတ်ထားသလိုပင်။သူ့အာ အံသွတကြီး ကြည့်လာသည်။ဟုတ်ပါတယ်လေ သူဟာဘယ်တော့မှ အဖော်မပါဘဲ တစ်ယောက်ထဲ အပြင်ထွက်လေ့မရှိခဲ့ဘူးလေ။
"ဟာ...Bam ဘယ်ကနေလှည့်လာတာလဲ?"
"ကိုကိုစီလာတာ ဒီမှာ ေကာကောဖို့လည်း ပန်းအိုးလေးဝယ်လာတယ်.."
ပန်းအိုးထည့်ထားေသာ လက်ဆွဲအိတ်လေးကို ကိုယ်မြှောက်ပြလာတဲ့ bam...
"ဟုတ်လား...baeက အပင်လေးတွေကို သိပ်ကြိုက်တာ.."
"အင်း...ဟုတ်လား..ကောင်းတာပေါ့"
"ဒါနဲ့ ဘာပင်လဲ.."
"Black rose..."
နှင်းဆီနက်လား??ဒါက ရှားပါးတာတော့သူသိပါတယ် ...ကြည့်ရတာ စျေးလည်းကြီးမည်ထင်သည်။အနုပညာကိုမခံစားတတ်တဲ့သူဟာ အဓိပ္ပါယ်ကိုလည်း မသိပေ။ငယ်စဉ်ထဲက Bamသည် သူရဲ့ညီလေးလိုပင် မာရီရာအနိုင်ကျင့်တိုင်း သူ့ဆီပြေးလာတတ်တဲ့ ဘောလုံးလေးက အခုတော့ လူကြီးတောင်ဖြစ်လာပြီပဲ...
"ကိုကို..."
အလုပ်လုပ်နေဆဲနဲ့ သူအာပြန်ထူးလာသော ကောကောကအရင်လို အလုပ်သရဲပင်။ဟွန့်...ရည်းစားသာရတယ် အကျင့်ကတော့မပြောင်းလဲသေးေပ။ဒီလိုသာ အလုပ်ပိနေရင်း ကောကောကို ဘယ်လို
အချိန်ပေးမှာလဲ?"ဟင်.."
"ကောကောကိုအရမ်းချစ်လားဟင်..."
"ဒါပေါ့ ချစ်တာပေါ့။ဘန်ကငယ်သေးတယ် အချစ်ကို ဘယ်နားလည်ပါ့မလဲ"
"ဟီး...ကောကောကချစ်စရာကြီးဟာကို...ရှောင်ကျူးကျူးေလးလိုပဲ"
အယ်...ဒီကောင်လေးတော့ baeကြားရင်ဆူပုတ်နေတော့မှာပဲ..သူ့ကလေးက တရုတ်ကာတွန်းထဲက ဝက်ပေါက်လေးမှ မဟုတ်ရပါဘူး။ဘာလို့ဆို သူ့ကလေးက ပိုချစ်ဖို့ကောင်းတာ အသိသာကြီးကို...
"ဉီး.."
ဟော...နေ့လယ်စာစားချိန်အမှီ လာခေါ်တဲ့သူ့ရဲ့အမောပြေကလေးသည်...အချိန်မှန်ကလေးပင်။
"Baeလာလေ...ဒီမှာ bamက လက်ဆောင်ယူလာတယ် baeအတွက်တဲ့..."
"ဟုတ်တယ်... မနေ့ကပန်းစိုက်ခင်းထဲရောက်ဖြစ်တယ်။ကောကောဖို့လက်ဆောင်တစ်ခုခု ဝယ်ပေးချင်ခဲ့တာ မမက ကူရွေးပေးလို့တော်သေးတယ်။ ဘန်က ပန်းတွေအကြောင်းသိပ်မသိဘူး။ ဒါလေးကောင်းတယ်ဆိုလို့...ကြိုက်လားဟင်"
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023